NewsPolitic

အဝတောင်ကို အင်အားဖြည့်ရန်လာတဲ့ ရွေးတုစစ်ကြောင်း AA ဖြတ်တိုက်၊ အလောင်း ၂၀ ခန့် ရရှိ

အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းကနေ အဝတောင်ရွာအနီးက စခန်းကို အင်အားလာဖြည့်တဲ့ ရွေးတုအစိုးတပ်စစ်ကြောင်းကို အာရက္ခတပ်တော်က စက်တင်ဘာလ ၉ ရက်က ဖြတ်တိုက်လိုက်လို့ အလောင်း ၂၀ ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုတော့ နည်းနည်း ပြန်ငြိမ်သွားပြန်ပြီ။ ပြီးခဲ့တဲ့ ၉ ရက်နဲ့ ၁၀ ရက်ကတော့ တော်တော်လေးကို ပစ်သံ ခတ်သံ ကြားရတယ်။ တပ်တော်က လက်နက်ရော ရန်သူ့အလောင်းတွေရော ရလိုက်တယ်။ စစ်တပ်က တော်မော်ကြီးကို ပြန်ဆုတ်သွားပြန်ပြီ” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲကို ရွေးတုအစိုးရဖက်က စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတွေ ပေးခဲ့သလို လေကြောင်းကနေလည်း ပစ်ကူတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

“ဒရုန်းတွေနဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးတယ်။ အိမ်မွေး တိရိစ္ဆာန်တွေလည်း သေတာတွေရှိတယ်။ တိုက်ပွဲ ခဏ ခဏ ဖြစ်တော့ ကျောက်ဖြူမှာ စစ်ရှောင်တွေ ပိုများလာတယ်။ စနဲဖက်ကို လက်နက်တွေ ကျတော့ အဲဖက်ကပါ ထပ်ပြီး စစ်ရှောင်ကြရပြန်တယ်။ သူတို့တွေအတွက် အရေးပေါ် အကူအညီတွေ လိုနေတယ်” လို့ ကျောက်ဖြူမြို့နယ်စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ စက်တင်ဘာလ ၄ ရက်စတင်ပြီးတော့ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်အင်အား အများအပြားနဲ့ စစ်ကြောင်းတွေ ထိုးနေတာလည်း ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၁၁ ရက်ကလည်း ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းကနေ အဝတောင်စခန်းဘက်ကို ရွေးတုအစိုးရတပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်လို့ အင်အား ၂၀ ကျော် သေဆုံးပြီးနောက် တပ်ဆုတ် ထွက်ပြေးသွားခဲ့ပါတယ်။

ရွေးတုအစိုးရတပ်ဟာ ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို ပြန်လည် ထိုးစစ်ဆင်ရန်အတွက် သြဂုတ်လ ၂ ရက်က စတင်ပြီး စစ်သင်္ဘောတွေနဲ့ ခမ-၅၄၂၊ ခမရ-၅၄၃ နဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့ကို အင်အားဖြည့်တင်းခဲ့ပါတယ်။

အမ်းမြို့နယ်တွင်း တစ်နေရာ၌ လုံခြုံရေးယူထားသည့် AA တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဖဒူ ထွန်းအောင်/Myanmar Now)

Related posts

ဗျူဟာ-၂၉ ခွဲမှူး ကျဆုံးခဲ့ခြင်းအတွက် MPCC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

အမ်းရှိ နပခစစ်ဌာနချုပ် ကျရင် ဘယ်လို အပြောင်းအလဲ ဖြစ်သွားနိုင်သလဲ

Rakhita Times

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times

Leave a Comment