HealthNewsPolitic

မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုတွင်အသက်ရှင်ကျန်ခဲ့တဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာပြီ ဖြစ်တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။

အဆိုပါ ကလေးငယ်ဟာ အသက် ၂ နှစ်နဲ့ ၆ လအရွယ်ရှိ မအေးသန္တာခိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းက‌နေ နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့ပြီး‌နောက် ဗုံးကြဲခံရတဲ့ အဆောက်အဦကြားမှာ တဦးတည်း ၁၂ နာရီကြာအထိ အသက်ရှင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းတဲ့ ကလေးဖြစ်လို့ မေကံကောင်းလို့ အများက အသိမှတ်ပြု ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

“ တိုးတက်မှု ရှိပါတယ်။ လမ်းတော့ မလျှောက်နိုင်သေးပါ။ စိတ်ပိုင်းဆိုင်ရာ အခြေနေကတော့ လိုအပ်ချက်‌တွေ ရှိပါတယ်” လို့ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က အာရက္ခတိုင်းမ်စ်ကို‌ ပြောပါတယ်။

ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ‌ကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ပြည်တွင်းပြည်ပ အလှုရှင်များရဲ့ အကူညီများနဲ့ စောင့်ရှောက်ပေးနေတယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။

Related posts

မြောက်ဦးဆရာတော် စစ်တွေတွင် ပြည်သူ ၁၀၀၀၀ ကျော်ကို ထမင်း၊ ဟင်း လှူဒါန်း

Rakhita Times

ပေါက်တောကို စကမ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်

Rakhita Times

ဘူးသီးတောင်-မောင်တော ကားလမ်းပျက်စီးလို့ ကုန်တင်ကား သွားလာခွင့် AA ယာယီတားမြစ်

Rakhita Times

Leave a Comment