NewsPolitic

RNP ပါတီ မလေးရှားက ပြန်ပို့ခံရတဲ့ ရက္ခိုင် ၂၁၇ ဦးနဲ့ တွေ့ဆုံ၊ နေရပ်ပြန်ရေးအတွက် ကတိမပေးခဲ့

အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)

ရခိုင်တိုင်းရင်းသားများပါတီ (RNP) နဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ မလေးရှားနိုင်ငံ ပြန်လည်ပို့ဆောင်လိုက်တဲ့ ရက္ခိုင်လူမျိုး ၂၁၇ ဦးနဲ့ အောက်တိုဘာလ ၁၂ ရက်က သွားရောက် တွေ့ဆုံခဲ့ပြီး နေရပ်ပြန်နိုင်ရေးအတွက် ကတိမပေးခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲကို နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ ရက္ခိုင်ပြည်ယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (အမှတ်-၁၂) ဦးအောင်သိန်းဌေး၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဦးသန်းဌေး၊ RNP ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုးနိုင်ထွန်းနဲ့ ပါတီ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံက ပြန်လည်ပို့ဆောင်လိုက်တဲ့ အဆိုပါ ၂၁၇ ဦးဟာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် အကျယ်ချုပ်နဲ့ နေထိုင်နေရတယ်လို့ သိရပါယ်။

“မအလ က သွားခိုင်းလို့ သွားတာလား။ ကိုယ့်သဘောနဲ့ သွားတာလားတော့ သေချာမသိဘူး။ ကျနော်လည်း သူတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုပြီးတော့ မျှော်လင့်တာပေါ့။ ဒါပေမယ့် လက်တွေ့မှာ သူတို့က ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး ပြန်ပို့ခံရတဲ့သူတွေက တရားခံလို အောက်မှာထိုင်ခိုင်းပြီး ပြောချင်တာ ပြောကြတယ်။ ပြန်ပို့ခံရသူတွေက ကိုယ့်အိမ်ကို ပြန်ချင်တယ်။ ကူညီပေးပါပြောတော့ ဘာမှ ပြန်မပြောပဲ ဟိုလိုလို ဒီလိုလို မရေမရာ ပြောပြီး ပြန်သွားကြတယ်” လို့ လိုက်ပါသွားခဲ့သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ‌ပြောပါတယ်။

မလေးရှားနိုင်ငံက ပြန်လည်ပို့ဆောင်တဲ့ မြန်မာလုပ်သား ၅,၀၀၀ ကျော်အနက် ပထမအသုတ်အဖြစ် လုပ်သား ၁,၄၇၆ ဦးကို အောက်တိုဘာလ ၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူတို့အထဲတွင် ရက္ခိုင်လူမျိုး ၂၁၇ ဦး ပါဝင်တာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်တွင် ရွေးကောက်မဖြစ်နိုင်

Rakhita Times

ကျောက်ဖြူနဲ့ ရသေတောင်ကို စစ်ကောင်စီ ဗုံးကျဲ

Rakhita Times

ခမီလူငယ်တွေ မိမိတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ရန် သက်လူမျိုးစု တိုက်တွန်း

Rakhita Times

Leave a Comment