NewsPolitic

ငပြီကျွန်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ စစ်သင်္ဘော ၁ စီး မီးလောင်

အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ဝီရဌာနီ (ပေါက်တောမြို့နယ်) ငပြီကျွန်းကို စစ်ကောင်စီတပ်က အင်အားသုံး ကမ်းတက် ထိုးစစ်ဆင်လာနေလို့ အာရက္ခတပ်တော် နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သင်္ဘော ၁ စီး လက်နက်ကြီး ထိမှန် မီးလောင်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက် မနက် ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဟာ အင်အား ၂၀၀ ခန့်နဲ့ ငပြီကျွန်းပေါ်ကို ထပ်မံ ကမ်းတက်လာလို့ အာရက္ခတပ်တော်ဘက် ခုခံပစ်ခတ်လို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကမ်းပေါ်ကို တက်ရောက်ရန် ကြိုးပမ်းစဉ်မှာ အာရက္ခတပ်တော် ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးထိခိုက်သူ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ရန်အတွက် ရေတပ်၊ ဒရုန်းနဲ့အပြင် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ Y12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချ ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

“မနေ့က လာတာ သင်္ဘောက ၅ စီး အနည်းဆုံး ရှိတယ်။ ပစ်ကူပေးပြီး ကမ်းနား ကပ်လာတာ။ တပ်တော်က ပစ်တာ တစ်စီးတော့ ထိတယ်။ မီးခိုးတွေ အူထွက်လာပြီးတော့ လှည့်ပြန်သွားတယ်။ ဒီလို ထိအောင်ပစ်တာ အနည်းဆုံး ၃ စီးတော့ ရှိနေပြီ” လို့ ဝီရဌာနီမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဝီရဌာနီမြို့နယ် ငပြီကျွန်းကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အသုံးပြုကာ အောက်တိုဘာလ ၇ ရက်ကစတင်ပြီး ထိုးစစ်ဆင် နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

ဝမ်းတွင်း စမုံမြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်

Rakhita Times

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

Rakhita Times

စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ ပျံလွန်တော်မူ

Rakhita Times

Leave a Comment