NewsPolitic

ဗျာလစစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးထိရှိလာ

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို မနေ့က နိုဝင်ဘာလ ၁၃ ရက် ည ၇ နာရီကျော်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေက အနယ်နယ်အရပ်ရပ်ကနေ စစ်ဘေးရှောင်လာကြသူတွေဖြစ်ပြီး အများစုက စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေလို့ သိရပါတယ်။

ဒီစခန်းကို အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်ကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးကာ စစ်ဘေးရှောင် ၆ ဦးသေဆုံး၊ အချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

AA က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ပိုင်းအတွင်း ပိုမိုဖြစ်ပွားနိုင်လို့ ပြည်သူတွေကို အမြဲသတိထားဖို့ တိုက်တွန်းထားပါတယ်။

Related posts

စစ်တွေနဲ့ ပေါက်တောကို စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက် ဗုံးလာကြဲ

Rakhita Times

စကမ ဂိတ်အားလုံးက လွှတ်ပေးလိုက်တဲ့ မူးယစ်ဆေးပြား ၃၂ သိန်း ကို AA က ပန်းတောင်းတွင် ဖမ်းဆီးရမိ

Rakhita Times

“လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ နေ့ရက်များ”

Rakhita Times

Leave a Comment