မြောက်ဦးဆေးရုံကို စစ်စခန်းတည်ဆောက်ထားကြောင်း စကမ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆို
အာရက္ခတိုင်းမ်စ်(၁၄ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို အကာအကွယ်ယူကာ စစ်စခန်းတည်ဆောက်ထားကြောင်း စစ်ကော်မရှင်ရဲ့ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဗဟို) က ဒီကနေ့ (ဒီဇင်ဘာ ၁၄ ရက်) ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ မြောက်ဦးပြည်သူ့ဆေးရုံဟာ ပြည်တွင်းစစ် မဖြစ်ခင်ကာလက အရပ်ဖက်ဆေးရုံတစ်ခုအဖြစ် ရှိနေခဲ့ပြီး
