အနောက်အရပ်က နေဝန်းနီ (သို့) အာဇာနည်ရဟန်းတော်
တဖြောက်ဖြောက် ကြွေကျနေသော စက်တင်ဘာမိုးသည် သူရဲကောင်းတစ်ဦးအတွက် ဝမ်းနည်းမျက်ရည် ဖွဲ့ငိုနေသလို ရှိသည်။ အခန်းအပြင်၌ ရွာနေသော ထိုမိုးစက်ကလေးများသည် သစ်ရွက်ပေါ်မှတဆင့် မြေကြီးသို့ ကြွေကျနေကြခြင်း ဖြစ်သည်။ သည်မိုးနှင့်အတူ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော်ရေးသားခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ရေရွတ်နေမိသည်။ စက်တင် ကိုးရက် မျက်ရည်နဲ့ မိုးစက်
