NewsPolitic

အမ်းမှာ စစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချနိုင်ခဲ့ဟု AA အတည်ပြု

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေယာဉ်တစ်စီးကို အာရက္ခတပ်တော်မှ ပစ်ချနိုင်ခဲ့တယ်လို့ အေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အတည်ပြုပြောကြားပါတယ်။

နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီခွဲမှာ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူ၊ လက်နက်၊ ရိက္ခာတွေ ပို့ဆောင်တဲ့ Y12 နှစ်စီး၊ ရဟတ်ယာဉ် ၄ စီးထဲမှာမှ တစ်စီးကို ပစ်ချနိုင်တာလို့ သိရပါတယ်။

“အေအေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လေယာဉ်တစ်စီး တောင်ပံထိသွားတယ်၊ မီးခိုးတွေထွက်ပြီးတော့ မကွေးဖက်ကို ပျက်ကျသွားတယ်” လို့ အမ်းဒေသခံ တစ်ဦးက ပြောပါတယ်။

ထို့အတူ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ပဲပဒုံစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ကြောင်းလည်း သိရပါတယ်။

ဆက်လက်ပြီး အာရက္ခတပ်တော် အနေနဲ့ အမ်းမြို့အခြေစိုက် ခမရ ၃၇၁ တပ်ရင်း၊ တိုင်းဌာနချုပ်နဲ့ တပ်ထိန်း၊ တပ်ရင်းတို့ကို ဆက်လက်ပြီး သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

Related posts

CNDF ရဲဘော်တွေအတွက် ဒေါက်တာညိုထွန်းအောင် သူပုန်ဖြူစာအုပ် နဲ့ ငွေသားကူညီ

Rakhita Times

ကျောက်ထုအမြောက်တပ်ကို လက်နက်ခဲယမ်းတွေ အဆမတန်ပို့ဆောင်ပြီး ကံကြီးတွင် အထိုင်ချရန် လုပ်ဆောင်နေ

Rakhita Times

အာရက္ခတပ်တော်မှာ စစ်ရေးအတွက် ကြီးမားတဲ့ပြင်ဆင်မှု ရှိနိုင်

Rakhita Times

1 comment

rent yacht montenegro 104 မေ 6, 2026 at 1:11 မနက် Reply

Leave a Comment