NewsPolitic

အမ်းကို ရိက္ခာပို့မယ့် ကား၃စီးကို ခြုံခိုမိုင်းဆွဲ၊ စကစ ၉ ဦးသေ ရိက္ခာကား ၂ စီး ပျက်စီး

အာရက္ခတိုင်းမ်စ် (၅ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်တိုင်းစစ်ဌာနချုပ် (နပခ) ကို ရိက္ခာပို့ရန် လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့် ပါဝင်သော ရိက္ခာကား ၃ စီးကို မနေ့က (၄ ဒီဇင်ဘာ) က PRA-Magway က ခြုံခိုမိုင်းဆွဲ တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၉ ဦးထပ်မနည်း သေဆုံးခဲ့ပြီး ရိက္ခာကား ၂စီမှာလည်း လုံးဝပျက်စီးသွားကြောင်း သိရပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းပေါ်ရှိ စွန်တက်ရွာ နဲ့ လင်းတဲရွာ ကြားတွင် စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်ပါသော ရိက္ခာက ၃ စီးကို မနေ့က နေ့လည် ၁နာရီခန့်က ခြုံခို မိုင်းခွဲတိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့မှုမှာ ၁၀ မိနစ်ခန့် ကြာမြင့်ကာ စစ်ကောင်စီဘက် မှ ၉ ဦး သေဆုံးခဲ့ပြီး ရိက္ခာကား ၂ စီးမှာလည်း လုံးဝ ပျက်စီးသွားတယ်လို့ PRA-Magway က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ငဖဲမြိုနယ် ဘုံးဘောကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၉၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါ တိုက်ပွဲမှာ ၅ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသာစီး ပစ်ခတ်မှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီဖက်က တပ်သား ၁၄ ဦးထက်မနည်း သေဆုံးသွားပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ထိုတိုက်ပွဲကြောင့် PRA-Magway, ACDF, မင်းဘူးခရိုင်တပ်ရင်း ၂ တို့မှ ရဲဘော်တပ်သားတစ်ဦး မစိုးရ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ စစ်ရှုံးသဖြင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ပြေးများကို မိမိတို့ PRA-Magway မှ ကင်းပုန်းချ ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း အခါမလပ် ဖြစ်ပွားလျက်ရှိကြောင်း ဆိုပါတယ်။

တိုက်ပွဲအသီးသီးရဲ့ မှတ်တမ်းများအရ မိမိတို့ PRA-Magway သည် နိုဝင်ဘာ နှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း ရန်သူစစ်ကောင်စီအင်အား ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈) လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုပါတယ်။

Related posts

ရှမ်းမြောက်တိုက်ပွဲတွင် လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဟုဆို

Rakhita Times

၂၀၂၅ နိုဝင်ဘာလကစပြီး အယ်နီညို ရာသီဥတု အခြေအနေ ဘယ်လို ဖြစ်လာနိုင်သလဲ?

Shine Bu Chay

ဆပ်သွားရွာမှာ လက်နက်ကြီးကျ၍ လင်မယားနှစ်ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment