NewsPolitic

တောင်မော်ကြီးက ထိုးလာတဲ့စစ်ကြောင်း AA တိုက်ခိုက်လို့ ၂၀ ခန့် သေဆုံး

အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းက ထိုးလာတဲ့ စစ်ကြောင်း ၁ ကြောင်းကို အာရက္ခတပ်တော်က တိုက်ခိုက်ခဲ့လို့ ရွေးတုအစိုးရတပ်က တပ်သား ၂၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တော်မော်ကြီးရေတပ်စခန်းကို ဇွန်လ ၈ ရက်က စစ်တွေမြို့ကနေ ရွေးတုအစိုးရတပ်က စစ်သင်္ဘော ၃ စီးနဲ့အတူ တပ်သား အင်အား ၃၀၀ ကျော် ပို့ဆောင်ခဲ့ပါတယ်။

အဆိုပါ စစ်အင်အား ရောက်ရှိပြီးနောက် ၁ ရက် ဖြစ်တဲ့ ဇွန်လ ၉ ရက်တွင် တောင်မော်ကြီးရေတပ်စခန်းကနေ တပ်ရင်းမှူး ဦးဆောင်ပြီး စစ်ကြောင်းထိုးခဲ့တာလည်း ဖြစ်ပါတယ်။

“ ၉ ရက်နေ့က ထိုးလာတဲ့ စစ်ကြောင်းကို တပ်တော်က ဝိုင်းပြီးတော့ ပိတ်ဆို့ တိုက်ခိုက်တာ။ ၂၀ ဝန်းကျင်တော့ ကျတယ်။ အကောင်ကြီး ၁ ကောင်လည်း သေတယ် ကြားထားတယ်။ မိုးကကောင်းတော့ တပ်တော်ရဲ့ တိုက်ခိုက်မှုကို စစ်တပ်က တောင့်မခံနိုင်ဘူး။ ထပ်ပြီး ထွက်လာရင် ထပ်ပြီး အထိနာမှာပဲ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က တောင်မော်ကြီးရေတပ်စခန်းနားက ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊‌ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို သိမ်းပိုက်ထားပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကို ဆက်လက် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးတပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမြို့ နယ်စပ်ရေးရာဝန်ကြီးရုံး အနောက်ဘက်တွင် ကင်းပုန်းများချ

Rakhita Times

အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း မဖန်တီးနိုင်သရွေ့ စစ်ဘောင်ကျယ်နေမယ်လို့ ပြော

Rakhita Times

စစ်ကောင်စီ ဗုံးလာကြဲသဖြင့် လူမမယ်တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

Rakhita Times

Leave a Comment