NewsPolitic

ဂွမြို့နယ် သံခဲချိုင်ကမ်းခြေ တိုက်ပွဲတွင် စစ်ကောင်စီအလောင်း ၁၂၀ ကျော် AA ရရှိ

အာရက္ခတိုင်းမ်စ် ( ၇ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်ရှိ သံခဲချိုင်ကမ်းခြေတစ်ဝိုက် စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအလောင်း ၁၂၀ ကျော်ကို ရရှိခဲ့ကြောင်း အာရက္ခတပ်တော်ထံမှ သိရပါတယ်။

ဂွမြို့နယ် သံခဲချိုင်ကျေးရွာ၊ ကင်းပုံကျေးရွာ နဲ့ သံခဲချိုင်ကမ်းခြေ တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်က စတင်ကာ တိုက်ခိုက်ခဲ့ပြီး ၃ ရက် အတွင်း အပြီးသတ် ချေမှုန်းနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်က ဆိုပါတယ်။

“ မိမိတို့ သိမ်းဆည်းရမိသော ရန်သူ့အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများအရ ဤစစ်ကြောင်းတွင် အင်အား (၁၈၄) ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ ဖြစ်ကြသည်။ တပ်ရင်း (၅) ရင်းစုပေါင်းထားသော စစ်ကြောင်းတစ်ခုလည်းဖြစ်သည်။” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသကဲ့သို့ ဂွမြို့ရဲ့ အခြားသောနေရာများတွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရပါတယ်။

ရက္ခိုင်ပြည် အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းများကို အာရက္ခတပ်တော်မှ ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရပါတယ်။

Related posts

စစ်တွေမှာ လူမရှိတဲ့နေအိမ်တွေ နေ့စဥ်ဖောက်ထွင်းခံနေရ

Rakhita Times

အမ်းဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရ၍ ၉ ဦးသေဆုံး

Rakhita Times

တရုတ်အနေနဲ့ ရက္ခိုင်တိုက်ပွဲအပေါ် ဖိအားပေးလာနိုင်လား

Rakhita Times

Leave a Comment