NewsPolitic

စစ်တွေမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်နေ့ကို ဦးဇော်အေးမောင် နဲ့ ဒေါ်အေးနုစိန် တက်ရောက်

အာရက္ခတိုင်းမ်စ် (၁၆ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ မနေ့က (၁၅ ဒီဇင်ဘာ) မှာ စစ်ကောင်စီက ပြုလုပ်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ကို ဦးဇော်အေးမောင် နဲ့ ဒေါ်အေးနုစိန်တို့ တက်ရောက်ကြောင်း စစ်တွေဒေသခံတွေက ပြောပါတယ်။

“ဒီလောက် လူတွေမှာ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ကဖို့ဆိုပြီး အတင်းခေါ်တယ်။ ပွဲမှာ လူများအောင်လို့ဆိုပြီလည်း ပွဲတက်ခိုင်းတယ်။ ဦးဇော်အေးမောင် နဲ့ ဒေါ်အေးနုစိန်တို့လည်း ပွဲလာတက်တာ တွေ့လိုက်တယ်” လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတွင် ဦးဇော်အေးမောင်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပြီး ဒေါ်အေးနုစိန်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်။

နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အခမ်းအနား ပြုလုပ်နေတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့အနီးဝန်းကျင်က ကျေးရွာ နဲ့ ရပ်ကွက်အချို့ကို စစ်ကောင်စီက အတင်းအဓမ္မ ပြောင်းရွေ့ခိုင်းနေပါတယ်။

Related posts

ပုဏ္ဏားကျွန်းကို ဗုံးကြဲတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးအပါ ၂ ဦး ဒဏ်ရာရ

Rakhita Times

စကမ ဖမ်းဆီးထားတဲ့ ရက္ခိုင်လူငယ်တွေကို AA နဲ့ တိုက်ခိုက်ရန် ရှေ့တန်းပို့ဆောင်နေ

Rakhita Times

မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်

Rakhita Times

13 comments

Leave a Comment