NewsPolitic

သံတွဲကို စစ်ကောင်စီ ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင့် ၃ ဦးသေ၊ အများအပြား ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄)

သံတွဲမြို့ကို စစ်ကောင်စီဟာ မနေ့က (၂၃ ဒီဇင်ဘာ) ညနေ ၃ နာရီ ၁၅ မိနစ်ခန့် မှာ လေယာဉ် ၃ စီး နဲ့ ဗုံးလာကြဲခဲ့ပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ တရစပ်ပစ်ခတ်မှုကြောင့် သံတွဲဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လေယာဉ် ၃ စီး နဲ့ ပတ်ဝဲပြီး ဗုံးတွေကြဲတယ်။ မော်တာ (စက်သေနတ်) နဲ့ တရစပ်ကို ပစ်တယ်။ ပွဲချင်းပြီး ၁ ယောက်ပြီး နောက်ထပ် ၂ ယောက် သေတယ်။ ဒဏ်ရာရကြတာလည်း များတယ်။ အတိအကျတော့ မသိသေးဘူး” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ လေယာဉ် ၃ စီး သံတွဲ-ဂွ ကားလမ်းဘေးရှိ ညောင်ပင်ဈေး၊ သမုတ်ချောင်း နဲ့ တလင်းဆိတ် ကို လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

“ အရင်က ဗုံးလောက်ပဲကြဲတာ အခုက မော်တာနဲ့ပါပစ်တာဆိုတော့ အကုန်သူ ထိန့်လန့်နေကြပြီ။ မြို့ထဲမှာ လူတောင် သိပ်မရှိတော့ဘူး။ တောဘက်ကို ရှောင်ဖို့ သွားကြတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် နဲ့ ၁၉ ရက်က စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး လာရောက် ကြဲသဖြင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိကာ နေအိမ် အများအပြား ပျက်စီးခဲ့ပါတယ်။

သံတွဲမြို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၂၉ရက် က လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ပြီး စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Related posts

တရုတ်သာ မြောက်ပိုင်း သုံးဖွဲ့နဲ့ PDF တို့ကို မဖြိုခွဲရင် စကမ အမြန်ကျဆုံးနိုင်

Rakhita Times

ဓညဝတီရေတပ်ဌာနချုပ် ကျတာနဲ့ ကျောက်ဖြူကို သိမ်းပိုက်နိုင်ပြီ

Rakhita Times

ရက္ခိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး AA လုပ်ဆောင်နေ

Rakhita Times

Leave a Comment