BusinessNewsPolitic

ရသေ့တောင်က ညီအကို ၂ ဦး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူး

အာရက္ခတိုင်းမ်စ် (၄ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်က ထိုင်းနိုင်ငံတွင် အလုပ်လာလုပ်နေတဲ့ ညီအကို ၂ ဦး ဟာ ထိုင်းထီ အမြင့်ဆုံးဆုဖြစ်တဲ့ ဘတ် ၆ သန်း ၂ စောင် နဲ့ ဘတ် ၁၂ သန်း ကံထူးခဲ့တယ်လို့ သိရပါတယ်။

“ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်ဖက်ကပါ။ အကြီးက ၄၀ ကျော် နဲ့ အငယ်က ၃၀ ကျော် ညီအကို ၂ ယောက်ပါ။ ကျနော်တို့ ကူညီပြီး ဆုငွေ ထုတ်ပေးလိုက်ပါပြီ” လို့ AAC – မဟာမိတ်အဖွဲ့ မှ ဦးဘရီက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ထိုင်းထီကံထူးခဲ့တဲ့ ညီအကို ၂ ဦးဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဟာဟိုင်မြို့နဲ့ ကီလိုမီတာ ၁၀၀ ခန့်အကွားမှာရှိတဲ့ နေရာမှာ ပန်းရံလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုတွင် သူတို့ညီအကိုနေထိုင်တဲ့ အလုပ်သမားတန်းလျား ရေထဲမျောပါသွားတဲ့အတွက် ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ညအချိန်တွင် ကယ်ထုတ်ပေးခဲ့လို့ အသက်ရှင်ခွင့် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ညီအကိုကို ကယ်ဆယ်ရေးဝန်ထမ်း အမျိုးတယောက်က ထမင်းဖိုဆိုပြီး တယောက်ကို ဘတ် ၅၀၀ ပေးပါတယ်။ ဟာယိုင်လေဆိပ်မှာ တညအိပ်ပြီးတော့ သူငယ်ချင်းတွေဆီက လမ်းစာရိတ်အကူအညီတောင်းပြီး အလုပ်ရှာဖို့ ကားစီးတာမှာ ကားဂိတ်တနေရာမှာ ထီအတင်းလာရောင်းတော့ အားနာတာနဲ့ ၂ စောင်တွဲ ဝယ်လိုက်ပြီး ထမင်း တနပ်အငတ်ခံမယ်ဆိုတဲ့စိတ်နဲ့ အားနာလို့ ဝယ်လိုတာ” လို့ ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်က ထိုင်းထီကံထူးသွားသူက ပြောပါတယ်။

ထိုင်းထီကံထူးသွားတဲ့ ညီအကို ၂ ဦးဟာ ထိုင်းထီပေါက်တဲ့အထဲက ငွေကြေး တချို့ကို ရေဘေးကြုံရတဲ့ ဘဝတူ အလုပ်သမားတွေကို ပြန်ကူညီဖို့ရှိသလို အလှူအတန်းတွေလည်း လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

Related posts

ဂွမြို့ နောက်ဆုံးတပ်အတွင်းထိ AA ဝင်ရောက်တိုက်ခိုက်နေ

Rakhita Times

ကျောက်တော်က ကိုယ်ပိုင်ကျောင်းကို စကမ ဗုံးကြဲလို့ ကျောင်းသား/သူ ၁၈ ဦး သေဆုံး၊ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

Rakhita Times

ရက္ခိုင်ကိုပို့မယ့် ဘိလပ်မြေအိတ် ၈၅၀ ကို ဘင်္ဂလားဒေ့ချ်ရေတပ် ဖမ်းဆီး

Rakhita Times

2,052 comments

Leave a Comment