NewsPolitic

ဂွမြို့ နောက်ဆုံးတပ်အတွင်းထိ AA ဝင်ရောက်တိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်ရဲ့ နောက်ဆုံးတပ်ဖြစ်တဲ့ ခမရ ၅၇၂ အတွင်းပိုင်းအထိ အာရက္ခတပ်တော်က ဝင်ရောက် တိုက်ခိုက်နေကြောင်း သိရပါတယ်။

“ခမရ ၅၆၃ ကို သိမ်းပြီးသွားပြီ ကျန်နေတဲ့ ၅၆၂ လည်း ကျနေပြီ ပြောရမှာပဲ။ စစ်ကောင်စီက ကစင့်ကလျားနဲ့ ရိုးဘက်ကို ပြေးကြတာ” လို့ ဂွမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၇/၁၈ ရက်တွေမှာ စစ်ကောင်စီတပ်က ဂွမြို့နယ်၊ “အလယ်ရွာ”ကိုလည်းကောင်း၊ ဒီဇင်ဘာလ (၂၁) ရက်မှာလည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်တွေကိုလည်းကောင်း မီးရှိဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ အခုလို မီးရှိဖျက်ဆီးမှုတွေကြောင့် အပြစ်မဲ့ပြည်သူလူထုရဲ့ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“အခုလည်း ဝတိန်ရွာ အနီးအနားကို လေယာဉ် ၃ စီးနဲ့ကို ဗုံးလာကြဲသွားတယ်။ အပျက်အစီးတော့ တော်တော်များတယ်။ ရှုံးမဲ မဲနေတာလေ” လို့ သူက ထပ်မံ ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး ဧရာဝတီတိုင်းအတွင်း တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော်အနေနဲ့ အဆက်မပြတ် တိုက်တိုက်နေတယ်လို့ ဆိုပါတယ်။

Related posts

စစ်တွေလူထု ရွေးကောက်ပွဲကို စိတ်မဝင်စား၊ စစ်ဖြစ်ဖို့သာ မျှော်လင့်

Rakhita Times

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံး ၄ လုံး ချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

စစ်တွေက ဒုက္ခသည်စခန်းမီးလောင် အိမ်ထောင်စု ၃၀၀ ကျော် မီးဘေးသင့်

Rakhita Times

2 comments

Leave a Comment