အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၅)
ရက္ခိုင်ပြည် ဂွမြို့နယ်စပ် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ မကျည်းဇင်တိုက်နယ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၈ ရက် နဲ့ ၉ ရက် ညနေ ၅ နာရီ နောက်ပိုင်းတွေမှာ လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရွှေသောင်ယံမြို့နယ်ခွဲ မကျည်းဇင်တိုက်နယ်ရှိ ကုလားချောင်း၊ ပေါက်တူးကွင်း၊ မကျီးဇင်ဖျား စတဲ့နေရာတွေကို လာရောက် ဗုံးကြဲခဲ့တယ်လို့ ပုသိမ်ဒေသခံတွေက ဆိုပါတယ်။
“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာတစ်ရွာပျက်စီးသွားပြီး ကျောင်းထိုင်ဆရာတော်တစ်ပါးလည်း ပျံလွန်တော်မူသွားတယ်။ ဒေသခံတွေ အများအပြားဟာ သာပေါင်းဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်” လို့ ပုသိမ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဂွမြို့နယ် လက်လွှတ်လိုက်ရပြီးနောက် ရွှေသောင်ယံမြို့နဲ့ မိုင် ၂၀ ခန့် အကွာ မကျီးဇင်ရွာမှာ ခံစစ်ပြင်ဆင်ခဲ့ပြီး အခုအခါ ဘောမိကို တပ်ဆုတ်သွားပြီး စစ်ကောင်စီတပ်သား ၃၀ ခန့် ထွက်ပြေးသွားသောကြောင့် အချင်းချင်း လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
“အချင်းချင်း ပြန်ဖမ်းနေကြတာ။ ရွှေသောင်ယံမြို့က စစ်တပ်ရိပ်သာမှာ တပ်သား ၁၀ ဦးထက်မနည်းကို ထိန်းသိမ်းထားတယ်။ အခုမှ စစ်သင်တန်းဆင်း၊ အခု စစ်တိုက်ခိုင်းတော့ ပြေးကြတာပေါ့” လို့ ရွှေသောင်ယံမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နဲ့ ၂၂ မိုင် အကွာမှာရှိတဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေက ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းမှာ အပြီးသိမ်းပိုက်အပြီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဂွ-ငသိုင်းချောင်းလမ်းမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

8 comments
References:
The star casino https://pad.geolab.space
References:
Craps simulator rafaelkmsk527317.blogsumer.com
References:
Hollywood slots bangor maine https://telegra.ph/Echte-Vielfalt-erleben-05-22
References:
Pink floyd live 8 https://nildigitalco.com
References:
Blackjack mountain https://stayjiggy.com/from-kitchen-experiment-to-a-1-9-billion-empire-how-allison-ellsworth-turned-a-gut-fix-into-a-billion-dollar-pop-culture-soda/
References:
Hard rock casino hollywood florida http://smandamlg.com/vibe/@hiltonlabelle?page=about
References:
Cairns casino https://gbewaaplay.com/barbraschwarz
References:
Monte casino south africa http://www.ydzh.net