NewsPolitic

ဘောမိတိုက်ပွဲတွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ပုသိမ်တွင် ဆေးကုပေးနေ

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ ဘောမိတွင် အာရက္ခတပ်တော် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာတွင် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ပုသိမ်သို့ ပို့ဆောင်ကာ ဆေးကုသပေးနေတယ်လို့ ပုသိမ်ဒေသခံတွေက ပြောပါတယ်။

“၁၈ရက်နေ့ ညပိုင်းက ဘောမိက ဒဏ်ရာရလာတဲ့ စစ်သား ၆၀ ကျော်ကို စက်လှေနဲ့ ချောင်းသာကို အရင်ပို့တယ်။ အဲဒီကမှတဆင့် ပုသိမ်ကို Ambulance ကားတွေ၊ ကုန်ကားတွေ ပို့တယ်။ ပို့တဲ့အခါမှာလည်း ချောင်းသာနဲ့ ပုသိမ်လမ်းကို မီးဖျက်ပြီး ပို့တာ” လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ တပ်သားသစ်တွေဖြစ်ပြီး ပြည်သူမသိအောင် ပုသိမ်မြို့ရှိ နတခ မဆရ (၄) ကို ပို့ဆောင်ပြီး တိတ်တဆိတ် ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီကို ထိုးစစ်ဆင်နေတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “မြစ်ဝကျွန်းပေါ်မှာ စစ်ရေး လှုပ်ရှားမှုတွေနဲ့ နယ်မြေစိုးမိုးမှုတွေလုပ်ပြီးတော့မှ နေပြည်တော်ကို ချီတက်မှာဖြစ်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပုသိမ်တွင် Helicopter ဆက်သက်နိုင်ရန် ကွင်း ၉ ကွင်း ဖော်ဆောင်နေပြီး ရေကြည် နဲ့ ငါးသိုင်းချောင်းမြို့တွင်လည်း အမြောက်တပ်များ အထိုင်ချကာ ခုခံရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Related posts

နီပါဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပညာပေးများ လုပ်ဆောင်နေ

Rakhita Times

ရက္ခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို စစ်ကောင်စီ ပြန်လွှတ်၊ ပြန်ဖမ်း ထောင်ပြန်ချ

Rakhita Times

ဒေါက်တာအေးမောင်ကို မအလ က လွတ်ငြိမ်းချမ်းသာခွင့်ပေး

Rakhita Times

Leave a Comment