NewsPolitic

မကွေးနယ်စပ်ကို အင်အားလာဖြည့်တဲ့ ဗိုလ်ကြီး ၂ ဦး အပါ ၁၂ ဦး အရှင်ဖမ်းမိ

အာရက္ခတိုင်းမ်စ် (၂၃ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် မကွေးတိုင်း နယ်စပ်ကို အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်သားများကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့် ၂ ဦး အပါအဝင် ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“တပ်မ ၉၉ လက်အောက်ခံ တပ်တွေကို ပိတ်ဆို့ ဖမ်းဆီးရာမှာ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၂ ဦး အရှင် ဖမ်းဆီးရခဲ့တယ်။ နောက်ပြီးတော့ ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးခန့်ကို အသေရခဲ့တယ်” လို့ PRA-Magway က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွင် PRA-Magway အနေနဲ့ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက် နဲ့ ခဲယမ်းများ စစ်အသုံးအဆောင်များလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ ဇန်နဝါရီလ ၇ရက်ကလည်း ဂုတ်ကြီးရွာကနေ ခွန်ဇူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၃၀ ခန့်ကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၁၉ ရက် နေ့လည် ၁၂ နာရီ ၄၆ မိနစ်က မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းရှိ ဂုတ်ကြီးကျေးရွာ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာတွင် ပဒါန်းဘက်က တက်လာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့် ပါဝင်တဲ့ ခဲယမ်းတင်ကား ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီမှ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း PRA-Magway က ထုတ်ပြန်ခဲ့ပါတယ်။

Related posts

ရက္ခိုင်က ကိုယ်ဝန်ဆောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ပူပန်နေရ

Rakhita Times

မြန်မာနိုင်ငံမှာ ငလျင်ကြီး ထပ်မံလှုပ်နိုင်ဖွယ်ရှိ

Rakhita Times

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Rakhita Times

Leave a Comment