BusinessNewsPolitic

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် တရားမဝင် ပြင်ပအရက်ကို ဒီလပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၅ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပက အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေ​တယ်လို့ မြောက်ဦးဒေသခံပြည်သူတွေက ပြောပါတယ်။

ဒီလပ် (DLEPS) အနေနဲ့ ပြည်ပက အရက်၊ ဘီယာ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို လိုက်လံ ရှာဖွေ စစ်ဆေး ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။

ဒီလပ် (DLEPS) က သိမ်းဆည်းရရှိထားတဲ့ ပြင်ပ အရက်၊ ဘီယာတွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းပြီးတော့ တရားမဝင် ရောင်းချနေတဲ့ သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရက္ခိုင်ပြည်မှာမှာ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် နဲ့ ယစ်မျိုးကုန်တွေကိုလည်း စက်တင်ဘာ ၁၉ ရက်ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က သတိပေး နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ – Golden Era Media

Related posts

စစ်အာဏာရှင်ကို တိုက်နေတဲ့အဖွဲ့အချင်းချင်း ပဋိပက္ခမဖြစ်ဖို့လို

Rakhita Times

သံတွဲနဲ့ ဂွ မြို့နယ်က စစ်သုံပန်း ၇၀ ခန့်ကို AA က ပြန်လွှတ်ပေး

Rakhita Times

စိုက်ပျိုးသုတ ဇူလိုင်လ

Rakhita Times

Leave a Comment