အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၅)
ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်း အစပ်က ပန်းတောင်း-တောင်ကုတ်လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မကွေးတိုင်းနဲ့ ဧရာဝတီ ဘက်မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှု မဖြစ်ပေါ်လာသေးခင်မှာ နယ်မြေဒေသအနှံ့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို များများဖိပြီး တိုက်ထားဦးမှာပဲ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“တရုတ်ကဝင်ပြီးတော့ အပစ်ခတ်ရပ်စဲရေးတို့ ဘာတို့မတိုင်ခင် ကိုယ်က နေရာများများ ရထားဖို့လိုတယ်လေ။ ကိုယ်က ဒါမှ ဆွေးနွေးပွဲကြတဲ့အခါမှာ လက်ဦးမှုရှိရှိ စကားပြောနိုင်မှာကို။ အဲဒီတော့ AA ပဲဖြစ်ဖြစ် တခြားအဖွဲ့ပဲဖြစ်ဖြစ် လောလောဆယ် အပစ်ခတ်ရပ်စဲမထားတဲ့ အဖွဲ့တွေက ဆက်လှုပ်ရှားစရာရှိတာ လှုပ်ရှားဦးမယ် ထင်တယ်။ ဒါလည်း မှန်တဲ့လမ်းပဲလေ။ အဲဒီတော့ လုပ်နေကြလိမ့်မယ် သူတို့လည်း ဆက်ပြီးတော့” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ခတ်ရပ်စဲထားသလို ပလောင်တပ် TNLA နဲ့လည်း ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီတို့ ဆွေးနွေးနေကြပါတယ်။
မကြာခင်မှာလည်း အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး တရုတ်က ကြိုးစားလာဦးမှာ ဖြစ်တယ်လို့လည်း စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
ပြည်နယ်တစ်ခု၊ လူမျိုးစု တစ်စုတည်း လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် စစ်အာဏာရှင် ပြုတ်ကျအောင် ဆက်တိုက်နေဦးမှာ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သူ အစကတည်းက ပြောပြီးပြီပဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့အထဲမှာ ပါတယ်လေ။ သူနယ်မြေတွေ ရထားတာ မှန်တယ်။ ဒါပေမယ့် အရင်တုန်းကလည်း ရဖူးတာပဲ။ စစ်ကောင်စီ မပြုတ်မချင်းက အာမခံချက်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အင်အားတောင့်လာရင် ကျနော်တို့ကို ပြန်တွယ်မှာ။ အခုချိန်က အကောင်းဆုံးအချိန် ဖြစ်တာကို။ အဲဒီတော့ AA ပဲဖြစ်ဖြစ် TNLA ပဲဖြစ်ဖြစ် MNDAA ပဲဖြစ်ဖြစ်။ သူတို့ သဘောက်ပေါက်ပြီ။ သူတို့ပြည်နယ်လေး တစ်နယ်တည်း သို့မဟုတ် သူတို့ လူမျိုးစုလေး တစ်စုတည်း လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဗမာပြည်ကြီးပါ လွတ်မြောက်မှ၊ ဗမာပြည်သူတွေပါ လွတ်မြောက်မှ။ သဘောက ဒီစစ်အာဏာရှင်စနစ်ကြီး ပြုတ်မှ ဖြစ်တာကို ဒါကြောင့် သူတို့က ဆက်တိုက်နိုင်တာ တိုက်မှာပဲ။ AA အနေနဲ့ ခုချိန်က တက်နိုင်တုန်း များများဖိပြီး တိုက်ထားမှာပဲ” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်အပါအဝင် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက် စတဲ့ မြန်မာနိုင်ငံရဲ့ နေရာအနှံအပြားမှာ တပ်ဖွဲတွေကို ဖြန့်ကျက်ချထားနိုင်ပြီး ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
ဒ့ါအပြင် လက်ရှိမှာ ပလက်ဝအပါအဝင် ရက္ခိုင်ပြည်က မြိုနယ် ၁၅ မြိုနယ်ကို သိမ်းပိုက်ထားနိုင်ပြီး အဲဒီမြို့တွေမှာ ပြန်လည်ထူထောင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်။

10 comments
Discover the amazing features of [url=https://hghjfjdossa.netlify.app]hghjfjdossa[/url] and elevate your experience today.
The application of hghjfjdossa spans multiple industries and domains.
References:
Live casino games https://forums.ppsspp.org/member.php?action=profile&uid=6492703
References:
Hitnspin casino betrug taban-miniatures.com
References:
Blackjack fireworks https://007-casino-royale-aston-martin.online-spielhallen.de
References:
Diamond jo casino dubuque https://select-casino.online-spielhallen.de/
References:
Casino Bonus ohne Einzahlung richard casino bonus ohne einzahlung
References:
El dorado casino shreveport https://ahrs.al/punesimi/payid-casinos-2026-fastest-withdrawals-tested-0-2h-payouts
References:
Legiano Casino Erfahrungen https://forum.board-of-metal.org/user-60411.html
References:
Legiano Casino Betrug https://www.forum-joyingauto.com
References:
Chukchansi casino playtubes.net