NewsPolitic

ရက္ခိုင်တွင် ရွေးကောက်မဖြစ်နိုင်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၇ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်တွင် စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သေချာပေါက် မဖြစ်နိုင်ဘူးလို့ ရခိုင်ဒီမိုကရေအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“သေချာတာကတော့ ကျနော်တို့ ရက္ခိုင်မှာကတော့ မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ခဲ့တဲ့အချိန်မှာတောင်မှ ကျောက်ဖြူ၊ စစ်တွေ မာန်အောင် ဒီလောက်ပဲ ကောက်လို့ ရတယ်။ အဲဒီနေရာတွေတောင်မှ မြို့ပေါ်လောက်ပဲ ကောက်လို့ ရတယ်။ နယ်တွေ မပါဘူး။ ကျနော်တို့ ရက္ခိုင်ပြည်မှာ ၁၇ မြို့နယ် ရှိတယ်။ အခုဆိုရင် မနေ့ကအထိပေါ့ဗျာ စစ်တွေမှာဆိုရင်လည်း ပစ်တာ ခတ်တာတွေ ကျနော်တို့ ကြားနေရတယ်။ ကျောက်ဖြူလည်း ဒီတိုင်းပါပဲ။ ပစ်တာ ခတ်တာတွေ ကြားနေရတယ်။ အဲဒါကြောင့် ရက္ခိုင်ပြည်မှာကတော့ ရွေးကောက်ပွဲ သေချာပေါက် မဖြစ်နိုင်ပါဘူး” လို့ ဦးမျိုးကျော်က မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု – SIF၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး ကော်မတီ – ASECC ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ၁၁၀ မြို့နယ်မှာသာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး  ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီပေါင်း ၅၄ ပါတီ မှတ်ပုံတင်ထားပြီး တနိုင်ငံလုံးအဆင့်ကို ၉ ပါတီက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ စံမမှီဆုံး ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူကို ဓားမိုး သေနတ်ပြပြီး မဲပေးခိုင်းမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဦးမျိုးကျော်က ဆိုပါတယ်။

“ပုံစံအရပေါ့ဗျာ အဆိုးရွားဆုံး ကျနော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ ကျင်းပလာခဲ့တဲ့ ရွေးကောက်ပွဲထဲမှာ စံမမှီဆုံး အနေအထား ရောက်တယ်။ နောက်တစ်ခါ သူတို့က ပြည်သူတွေကို မဲပေးမယ်ဆိုရင် ဆိုတဲ့ အနေအထား၊ အခုက ပြည်သူတွေကို ဓားမိုးပြီးတော့ သေနတ်ထုတ်ပြီးတော့ မဲပေးခိုင်းမယ်ဆိုတဲ့ အခင်းအကျင်း ဖြစ်တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် မဲစာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာလလယ်ပိုင်းအထိ ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်တွေကို အခြေခံမယ်လို့ ပြောဆိုထားပြီး မြို့နယ် ၃၃၀ ထဲက မြို့နယ် ၁၄၅ မြို့နယ်မှာသာ ကောက်ယူနိုင်ခဲ့ပါတယ်။ တပိုင်းတစ ကောက်ယူနိုင်ခဲ့တဲ့ မြို့နယ် ၁၂၇ မြို့နယ် နဲ့ လုံးဝ ကောက်ယူလို့မရတဲ့ မြို့နယ် ၅၈ မြို့နယ် ရှိတယ်လို့လည်း သိရပါတယ်။

Related posts

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းကို ရွေးချယ်

Rakhita Times

မရဏ နာရီ (ပထမပိုင်း) 

Rakhita Times

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

4 comments

Tommykaf စက်တင်ဘာ 2, 2026 at 11:47 ညနေ

Наркологическая клиника в клинике в Казани — это современный медицинский центр, специализирующийся на лечении алкогольной и наркотической зависимости. Основное направление деятельности заключается в проведении детоксикации, восстановлении работы нервной системы и формировании устойчивой мотивации к отказу от употребления психоактивных веществ. Все процедуры проводятся в условиях полной анонимности и медицинского контроля, что обеспечивает безопасность и доверие со стороны пациентов. Программа терапии строится по принципам доказательной медицины и индивидуального подбора лечебных средств.
Получить дополнительные сведения – https://narkologicheskaya-clinika-v-kazani16.ru/narkologicheskaya-klinika-kazan-otzyvy

Reply
FrankThero စက်တင်ဘာ 6, 2026 at 2:02 ညနေ

Помощь сегодня, оплата потом! Наркологическая клиника в Москве
Получить больше информации – [url=http://msk-clinica-plus.ru/lechenie-tabakokureniya-v-moskve/]клиника бросить курить[/url]

Reply
HenryJip စက်တင်ဘာ 9, 2026 at 12:28 ညနေ

Рекомендации строятся вокруг состояния человека, а не по универсальному шаблону для всех случаев.
Изучить вопрос подробнее – https://4.narkologicheskaya-klinika-moskva11.ru/

Reply
JohnnyFiemo စက်တင်ဘာ 17, 2026 at 3:02 မနက်

Наркологическая помощь в Перми представляет собой комплекс мероприятий, направленных на диагностику, лечение и профилактику различных форм зависимостей. Современные наркологические клиники обеспечивают индивидуальный подход к каждому пациенту, учитывая особенности его состояния и историю заболевания. Важно своевременно обращаться за квалифицированной помощью, чтобы снизить риски осложнений и улучшить качество жизни.
Узнать больше – [url=https://narkologicheskaya-pomoshh-perm0.ru/]narkologicheskaya-pomoshh-perm0.ru/[/url]

Reply

Leave a Comment