NewsPolitic

AA ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိ

အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ အာရက္ခတပ်တော် (AA) က လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်- အရှိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်ရဲ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းနေရာ အသီးသီးတွင် ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

MA – 1 သေနတ် ၁၃ လက်၊ MA – 2 ၁ လက်၊ MA – 3 ၃ လက်၊ MA – 11 ၂ လက်၊ MA- 5 ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်ဆံ ၄၀၀၀ ကျော် နဲ့ အခြားစစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တာပါ။

နတ်ရေကန်ဒေသအနီးတဝိုက်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြဖို့ ချင်းကာကွယ်ရေးတပ် – အရှိုတိုက်တွန်းထားပါတယ်။

Related posts

အမတ ၃၄၄ အမြောက်တပ်နားကို စကမ Y12 နဲ့ ဗုံးကြဲနေ

Rakhita Times

မင်းပြားတွင် သြဂုတ်လအတွင်း သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

Rakhita Times

မူးယစ်ဆေးဝါးကရတဲ့အမြတ် ၇၀ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူရာမှာ AA အသုံးပြုလို့ စကမ ဆို

Rakhita Times

Leave a Comment