NewsPolitic

AA ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) ဆို

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၅)

အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) က မတ်လ ၁ ရက် တွင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာ ပြီး‌မြောက်နိုင်ရေးနဲ့ လက်နက်တပ်ဆင်ရေး အစီစဉ်များ ပြုလုပ်နိုင်ရန် အစ ကနေ အဆုံးအထိ လိုအပ်တာများကို ညီရင်းအစ်ကို အိမ်နီးနားချင်းမိတ်ဆွေရင်း ပကတိ စိတ်ထားအမှန်နဲ့ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်‌တော် (ULA/AA) ကို အထူးကျေးဇူးတင်ပါတယ်” လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) က ဆိုပါတယ်။

ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) အနေနဲ့ လေးလကျော် ကြာမြင့်တဲ့ Chin Defence Force – Kanpetlet အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) ကို ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်/ရဲမေများရဲ့ ကျမ်းသစ္စာ ကျိန်ဆိုခြင်းနဲ့ လက်နက်တပ်ဆင်ရေး အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

Chin Defence Force – Kanpetlet အနေနဲ့ ကျင်‌‌ဒွေး၊ ကန်ပက်လက်မြို့နယ် အပါအဝင် ချင်းပြည် တောင်ပိုင်းတစ်ခုလုံး လွတ်မြောက်နိုင်ခဲ့ပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကိုယ့်မြို့၊ ကိုယ့်အိမ်ပြန်လည် အခြေချတဲ့အချိန်တွင် ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးတဲ့ ပြည်သူ့အချစ်တော်တပ် နဲ့ စစ်သည်တော်ကောင်းများ ဖြစ်လာစေရန်၊ စစ်စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့စစ်သားကောင်းများ ပေါ်ပေါက်လာစေရန်နဲ့ အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များနဲ့အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သော လွတ်မြောက်ခြင်း ရရှိသည်အထိ ထိရောက်စွာ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်ရန် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

Chin Defence Force – Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦး တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုတို့နဲ့အတူ မွေးဖွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း ကန်ပက်လက် နဲ့ ကျင်ဒွေးမြို့ကို ကိုယ်စားပြုတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ ဒေါ်စောမြရာဇာလင်းက ဆန်၊ ထင်း၊ ဆီနဲ့ ငပိ လှူဒါန်းမယ်

Rakhita Times

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း – ၁၇)

Rakhita Times

1 comment

rent yacht montenegro 361 မေ 6, 2026 at 1:16 မနက်

Montenegro yacht charter https://rent-a-yacht-montenegro.com

Reply

Leave a Comment