NewsPolitic

စစ်ကိုင်းတွင် ငလျင်ကြောင့် ၄၀၀ ကျော် သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၅)

စစ်ကိုင်းမြို့တွင် မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ဒဏ်ကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လှုပ်တဲ့ အချိန်က ဗလီတက်နေချိန်ဖြစ်လို့ ဗလီတက်နေသူတွေ အကုန်နီးပါး သေဆုံးတယ်။ ပိတ်မိနေတာက သီလရှင်ကျောင်းတွေနဲ့ မူကြိုကျောင်းတွေမှာ ကလေးတွေ ပိုများတယ်” လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ပေါ် သီလရှင်ကျောင်းများ၊ စေတီပုထိုးများ၊ ဗလီများ၊ လူနေအိမ် အများအပြားလည်း ပြိုကျသွားတယ်လို့ ဆိုပါတယ်။

“ကယ်တဲ့လူနဲ့ ပိနေ ပိတ်နေတဲ့ သူတွေက အင်အားမမျှဘူး။ အခြားက အကူအညီတွေလည်း မရောက်လာသေးဘူး။ ဒီမှာဖြစ်နေတာတွေကို အများပြည်သူသိအောင် ဇက်နဲ့ မန်းလေးကို လာပြီး ဖုန်းပြောတာပါ။ ဟိုမှာ ဖုန်းလိုင်းလည်းမရ၊ အင်တာနက်လည်း မရဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါငလျင်ကြောင်း စစ်ကိုင်တံတားအဟောင်းမှာ ပြိုပျက်သွားပြီး တံတားအသစ်ကိုလည်း ခံနိုင်ရည်အားမရှိတော့တာကြောင့် ပေးမဖြတ်လို့ မန္တလေး – စစ်ကိုင်းကို ဇက်နဲ့ သွားလာနေရတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ရဲ့ ထုတ်ပြန်ချက်အရ မနေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်ပြီး စီးပွားရေးအရ ထိခိုက်မှုမှာ မြန်မာနိုင်ငံ GDP ရဲ့ ၇၀ ရာခိုင်နှုန်းအထိ မြင့်မားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်အဆိုတော် ALPHA ကို စကမ ဖမ်းဆီး(Breaking News)

Rakhita Times

ဂွမြို့ကို စစ်ကောင်စီမှ အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံသော်လည်း AA အလုံးစုံ သိမ်းပိုင်နိုင်ခဲ့

Rakhita Times

စကမရဲ့ ရွေးကောက်ပွဲကို ရက္ခိုင်လူထု ပူးပေါင်း မပါဝင်ဖို့ တိုက်တွန်း

Rakhita Times

199 comments

Leave a Comment