NewsPolitic

ရက္ခိတအိမ်မက် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်တဲ့ AA လို့ ကူကီးကောင်စီပြော

အာရက္ခတိုင်းမ်စ် (၁၁ ဧပြီ ၂၀၂၅)

ရက္ခိတအိမ်မက်၊ ရက္ခိတလမ်းစဉ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်တဲ့ အာရက္ခတပ်တော် (AA) လို့ ခေါ်ဝေါ်နိုင်တဲ့အထိ စွမ်းဆောင်လာနိုင်ခဲ့တယ်လို့ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က အာရက္ခတပ်တော်နေ့ ၁၆ နှစ်မြောက် ပေးပို့တဲ့ သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။

“ အာရက္ခပြည်ကြီး အမှန်တကယ်ပင် ပြန်လည်နိုးထ အသက်ဝင်လာခဲ့ပြီလို့ ကြက်သီးမွေးညှင်းထလောက်အောင် “ ရက္ခိတအိမ်မက်၊ ရက္ခိတလမ်းစဉ်” ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်တဲ့ အာရက္ခတပ်တော် (AA) လို့ ခေါ်ဝေါ်နိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပြီ” လို့ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီက ဆိုပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ၊ အာရက္ခတပ်တော်က ရဲဘော်၊ ရဲမေများ နဲ့ ရဟန်းရှင်လူ အာရက္ခ ပြည်သူ ပြည်သားအားလုံးကို “ သာလီစွပါ” လို့ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က သဝဏ်လွှာတွင် နှုတ်ခွန်းဆက်သထားပါတယ်။

အာရက္ခတပ်တော်ဟာ ခိုင်မာတောင့်တင်းလာတဲ့ အင်အားနဲ့အတူ စည်းကမ်းသေဝပ်မှု အမိန့်နာခံမှု စည်းစနစ်ကျတဲ့ တိုက်ရည်ခိုက်ရည်များနဲ့ အောင်ပွဲများစွာကို အံ့မခန်းဖွယ်ကောင်းလောက်အောင် ရယူနိုင်ခဲ့တာ အလွန် ချီးကျူးအားကျဖွယ်အတိ ဖြစ်တယ်လို့ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ဆိုပါတယ်။

ဆက်လက်ပြီး ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က အာရက္ခတပ်တော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုအားလုံးနဲ့အတူ ချစ်ကြည်ရင်းနှီးစွာ လက်တွဲပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ပေးသွားပါရန် လေးလေးနက်နက် ပန်ကြားလိုပါတယ်လို့လည်း ဆိုပါတယ်။

ထို့အတူ အာရက္ခပြည်ကြီးဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်မှု၊ အာရက္ခတပ်တော် (AA) စွမ်းဆောင်မှု၊ အာရက္ခပြည်သူပြည်သားများရဲ့ စစ်မှန်တဲ့ စီးလုံးညီညွတ်မှုများကြောင့် “ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်သော လွတ်လပ်သည့် လူမျိုးအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ အခိုင်အမာ ပြန်လည်ရပ်တည်နိုင်တော့မည်” ဖြစ်ပြီး ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) အနေနဲ့ အာရက္ခတပ်တော် (AA) နေ့ကို ဂုဏ်ပြုပါတယ်လို့လည်း ဆိုပါတယ်။

Related posts

ဖြူဖြူကျော်သိန်းက ရက္ခိုင် ၄ မြို့နယ်အတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် လှူဒါန်း

Rakhita Times

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်လာနိုင်

Shine Bu Chay

တိုင်းရင်းသားလက်နက်ကိုင်များအကြား ပွတ်တိုက်မှု ရှိလာနိုင်

Rakhita Times

3 comments

shkola onlain_nfSn မတ် 7, 2026 at 5:03 ညနေ

школа для детей школа для детей .

Reply
shkola onlain_qcSn မတ် 7, 2026 at 9:53 ညနေ

лбс это shkola-onlajn-33.ru .

Reply
shkola onlain_iaSn မတ် 8, 2026 at 2:53 မနက်

дистанционное школьное образование shkola-onlajn-33.ru .

Reply

Leave a Comment