NewsPolitic

အာရက္ခအိမ်မက် အမြန်ဆုံး ပြီးပြည့်ပါစေလို့ ယောတပ်တော် ဆုတောင်း

အာရက္ခတိုင်းမ်စ် (၁၁ ဧပြီ ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ အာရက္ခအိမ်မက်ကို အမြန်ဆုံး ပြီးပြည့်စုံပါစေလို့ ယောတပ်တော်က အာရက္ခတပ်တော်နေ့ ၁၆ နှစ်ပြည့် သဝဏ်လွှာတွင် ရေးသားထားပါတယ်။

“အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူလူထုတရပ်လုံး လိုလားတောင်းတနေတဲ့ အာရက္ခအိမ်မက် အမြန်ဆုံး ပြီးပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပြီး ဒီသဝဏ်လွှာကို ပေးပို့လိုက်ပါတယ်” လို့ ယောတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခိုင်မာပြတ်သားတဲ့ ရက္ခိတလမ်းစဉ်နဲ့အတူ အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်တိုက်ပွဲဝင်ခဲ့ပြီးနောက် အာရက္ခပြည်ရဲ့ လွတ်လပ်ရေးဟာ လက်တကမ်းတွင် ရောက်ရှိနေပြီလို့ ယောတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုဟာ ယောတပ်တော်အတွက် စိတ်ဓာတ်ခွန်အား၊ မျှော်လင့်ချက်များ၊ ယုံကြည်ချက်များကို ပိုမိုခိုင်မာစေပြီး လေးစားအားကျ အတုယူဖွယ်ရာလည်း ဖြစ်တယ်လို့ ယောတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်က ယောတပ်တော်ကို တပ်တည်ဆောက်ရေးနဲ့ တော်လှန်ရေးခရီးအတွက် ပံ့ပိုးကူညီမှုများ၊ အကြံပြုမှုများ၊ စိတ်ခွန်အားပေးမှုများကိုလည်း များစွာ ကျေးဇူးတင်တယ်လို့ ယောက်တပ်တော်က ဆိုပါတယ်။

Related posts

တရုတ်ဖိအားကြောင့် TNLA အပြင် တခြားအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးလာနိုင်

Rakhita Times

ဂွမြို့နယ်ကို စကမက နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

မြောက်ဦးကို လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

61 comments

Leave a Comment