အာရက္ခတိုင်းမ်စ် (၁၇ ဧပြီလ ၂၀၂၅ ခုနှစ်)
ရက္ခိုင်ပြည်က ကျန်ရှိနေတဲ့ မြို့နယ် ၃ ခုမှာ စစ်ကောင်စီအနေဲ့ အုပ်ချုပ်ရေးအာဏာကို ဆက်ပြီးကိုင်စွဲထားဖို့ မဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာရှိတယ်ဆိုတာဟာ သေနတ်တွေနဲ့ စစ်ကားတွေ ကင်းလှည့်နေလို့ဖြစ်ပြီး မြို့ပေါ်ကွက်ကွက်လေးသာ အာဏာရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရက္ခိုင်ပြည်မှာကတော့ အားလုံးလည်း သိပါတယ်။ မီဒီယာမှာလည်း ပြောနေကြတာပဲလေ။ မြို့နယ် ၃ မြို့နယ် ကျန်တယ်။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်။ အဲဒီမှာ စစ်တွေဆိုတာလည်း မြို့ပေါ် ကွက်ကွက်လေးပဲ သူတို့ အုပ်ချုပ်ရေးအာဏာ ရှိတယ်ဆိုတာကလည်း သေနတ်တွေနဲ့ နေပြီးတော့ စစ်ကားတွေက ကင်းလှည့်နေလို့ အုပ်ချုပ်ရေးအာဏာ ရှိတယ်ပြောတာ၊ ဘယ်သူမှ မလွတ်လပ်ဘူး။ ဘယ်သူမှ လုံခြုံမှုမရှိဘူး။ မြို့မှာရှိတဲ့ တတ်နိုင်တဲ့လူတွေ တော်တော်များများဟာ အဲဒီနယ်ကနေ ပြောင်းရွှေ့သွားပြီ။ နောက်တစ်ခါ မတတ်နိုင်တဲ့လူတွေကလည်း မြို့ပေါ်မှာထက် လွတ်မြောက်နယ်မြေဆိုတဲ့ တပ်တော်ရဲ့ အုပ်ချုပ်တဲ့နေရာတွေကို ရှောင်ထွက်သွားပြီ။ ထိုနည်းလည်းကောင်းပဲ ကျောက်ဖြူမှာလည်း မြို့ပေါ် ကွက်ကွက်လေးနဲ့ သူတို့ စစ်တပ်တွေရှိတဲ့ နယ်မြေတွေ လောက်ပဲ၊ စစ်တပ်နဲ့ ပိုက်လိုင်းရှိတဲ့ နေရာလောက်ပဲ သူတို့အုပ်ချုပ်ရေးအာဏာ ရှိတော့တာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိတဲ့ ငလျင်ဒဏ်ကြောင့် အာရက္ခတပ်တော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအင်အားစု၊ စစ်ကောင်စီတို့ဟာ ယာယီအပစ်အခတ် ရပ်စဲတယ်လို့ အသီးသီး ထုတ်ပြန်ထားကြတာပါ။
မြေပြင်မှာတော့ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပြီး နှစ်ဖက် အပြန်အလှန် စွပ်စွဲနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက္ခိုင်ပြည်မှာ ဒီနှစ်မကုန်ခင်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာဟာ အဆုံးသတ်သွားနိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒီတော့ စစ်တပ်ရဲ့အုပ်ချုပ်ရေးအာဏာက အဲဒီလို အစိတ်အပိုင်းလောက်ပဲ ရှိတော့တယ်။ ဒီဟာမှာတောင်မှ ရှင်းရှင်းပြောရင် ပိုက်လိုင်းနဲ့ မြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတွေဆိုလည်း အကုန်လုံးသတ်ကွင်းတွေ လုပ်မယ်ဆိုတဲ့ အနေအထားနဲ့ လက်နက်ကြီးတွေနဲ့ပစ် မီးတွေရှို့ နဲ့ အဲဒီဒေသတွေကလည်း လူတွေ မရှိတော့ဘူး။ အဲဒီလို အနေအထားမှာ သူတို့ ဘယ်လိုလုပ်ပြီးတော့ အုပ်ချုပ်ရေးအာဏာကို ဆက်ပြီးတော့ ကိုင်စွဲထားလို့ရမလဲ။ သိပ်ကြာမယ်တော့ မထင်ဘူး။ အနှေးနဲ့အမြန်ပဲ ဒီနှစ်မကုန်ဘူးလို့ပဲ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ရက္ခိုင်ပြည်မှာတော့ အသက် ၁၈ နှစ် ပြည့်သူတိုင်း အနည်းဆုံး ၂ နှစ်ကြာ စစ်မှုထမ်းရမယ့်စနစ်ကို အာရက္ခတပ်တော် (AA) က တရားဝင် ပြဌာန်းဖို့ ပြင်ဆင်နေပြီး စည်းရုံးရေးနဲ့ လူစာရင်း ကောက်ယူမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး HDCO အကြီးအကဲဖြစ်သူ ဦးထွန်းမင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာအကောင့်မှာ ကိုရီးယားက ကမ္ဘာကျော် K Pop အဆိုတော်တွေတောင် မလွတ်ဘူး စစ်မှုထမ်းရကြောင်း၊ ပြဿနာတွေ အဖက်ဖက်က ဆီးကြိုနေတဲ့ ရက္ခိုင်ပြည်မှာ အရွယ်ရောက်တဲ့ လူငယ်တိုင်း စစ်ပညာ တတ်ထားသင့်ကြောင်း၊ နှစ်ပေါင်း ၂၄၀ ကျော် မျိုးဆက် ၈ ဆက် မျက်နှာမွဲဘဝကို အတွေးပေါ်ကြပါဆိုပြီး ရေးသားထားပါတယ်။

4 comments
References:
Slotland no deposit bonus neoclassical.space
References:
Spa casino palm springs https://travelersqa.com/user/tuneseason57
References:
Hole in the wall casino https://mayasrai575269.blogerus.com/63560596/casino-of-gold-dein-ultimativer-guide
References:
Online casino mit paysafecard spielhalle darmstadt