BusinessNewsPolitic

စစ်တွေကို ကုန်စည်မဝင်တာ ၁ လနီးပါးရှိနေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၅)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ကုန်စည်တင်ဆောင်တဲ့ သင်္ဘောတွေ မရောက်တာ ၁ လနီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ကာလနောက်ပိုင်း သင်္ဘောတစ်စီး ရောက်လာပေမယ့် အစိုးရရဲ့ ဆန်တွေပဲ ပါတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ စစ်တွေအတွက် သင်္ဘော ၆ စီးစာ ကုန်စည်တွေ တင်ဆောင်ထားတာရှိပေမယ့် အခုထိ ရောက်မလာသေးဘူးလို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သင်္ဘောမရောက်တာ သင်္ကြန်မရောက်ခင်ကတည်းက မရောက်တာ။ အခု သင်္ဘောဝင်မယ်ဆိုပြီး ပစ္စည်းတင်ထားတာ ၆ စီးရှိတယ်။ ရက္ခိုင်ကို တစ်စီးမှကို မလာသေးတာ။ ပထမ သင်္ကြန်ပြီးတော့ ဝင်လာတာကလည်း အစိုးရဆန်တွေပဲ ပါတယ်” လို့ ပြောပါတယ်။

ကုန်စည်သင်္ဘောတွေ မဝင်ရောက်တာကြောင့် အခုဆိုရင် စစ်တွေမှာ ဆန်၊ စားသုံးဆီနဲ့ စက်သုံးဆီကလွဲပြီး တခြားအခြေခံစားသောက်ကုန်တွေ ဈေးတက်လာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဓိကအားဖြင့် အရင်တုန်းက အပေါဆုံးဖြစ်တဲ့ ကော်ဖီမစ်တွေက ဈေးပိုတက်လာနေတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Sunday ကော်ဖီမှာ အဖြည်ကို အဝါက လက်ဖက်ရည်၊ အနီက ကော်ဖီ၊ အဝါက ဈေးကြီးတယ်။ အဲဒါကို မေးကြည့်တာ ၂၂၀၀၀၊ ၂၀၀၀၀ လားမသိဘူး။ ဈေးမြင့်တက်နေပြီ။ ဆန်က ဈေးမတက်ဘူး။ ဈေးမဆက်ဘူးသာပြောတယ် ဆန်အရှည်လို့ခေါ်မလား အများသုံး စားသုံးတဲ့ဆန် အဲဒါတောင်မှ ၁၂၅၀၀၀ တစ်အိတ်ကို။ ပေါ်ဆန်းမွှေးက ၂၆၀၀၀၀။ စားသုံးဆီနဲ့ စက်သုံးဆီကတော့ နည်းနည်း ဈေးကျပါတယ်။ ၉၂ ဆို အဲဒီဈေးကနေ မတက်ဘူး။ ကျလည်းမကျဘူး၊ တက်လည်းမတက်ဘူး” လို့ ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေစပြီးတော့ စစ်ကောင်စီက ရက္ခိုင်ပြည်က မြို့နယ်တွေကိုသွားတဲ့ ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းအားလုံးကိူ ဖြတ်တောက်ထားပြီး သယ်ဆောင်ခွင့် ပိတ်ထားတာပဲ ဖြစ်ပါတယ်။

စစ်တွေက ရန်ကုန်ကနေ ဝင်ရောက်တဲ့ ကုန်စည်သင်္ဘောကိုသာ အဓိက အားထားနေရပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက ကုန်ဈေးနှုန်းတွေဟာဆိုရင် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထက် ဈေးနှုန်း ပိုကြီးနေတာကို တွေ့ရပါတယ်။

Related posts

မဲဆောက်ရောက် ရခိုင်သူ

Rakhita Times

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

Rakhita Times

AA ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်တွေကို တရုတ်ထံ လွှဲပြောင်း

Rakhita Times

8 comments

Dana မတ် 4, 2026 at 4:36 မနက်

slotvibe-casino-no-deposit-bonus

My webpage :: real (Dana)

Reply
Quincy မတ် 5, 2026 at 6:42 ညနေ

6-lotto-főnyereménye

my site – tricks (Quincy)

Reply
Lucky မတ် 7, 2026 at 5:07 ညနေ

consigli-per-il-blackjack

Have a look at my blog post … Lucky

Reply
Carlos မတ် 8, 2026 at 2:14 မနက်

casino-online-bonus-de-bun-venit-fara-depunere

my page jucați (Carlos)

Reply
Austin မတ် 11, 2026 at 2:05 ညနေ

best-gambling-payouts-in-canada

Feel free to surf to my web page royal (Austin)

Reply
keno မတ် 12, 2026 at 1:36 ညနေ

paysafecard-casino-norge-2026

Stop by my web-site: keno

Reply
Maryjo မတ် 17, 2026 at 1:12 မနက်

casinos-con-eth-sin-depósito

my page: vegas (Maryjo)

Reply
Dena မတ် 18, 2026 at 6:34 ညနေ

nuovi-casino-stranieri

Here is my homepage … scratch (Dena)

Reply

Leave a Comment