NewsPolitic

စစ်ကောင်စီကြောင့် ရက္ခိုင်တွင် ၃ ရက်အတွင်း ပြည်သူ ၂၀ သေ၊ ၃၇ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၆ မေ ၂၀၂၅)

စစ်ကောင်စီရဲ့ လေကြောင်းကနေပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မေလ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း အရပ်သားပြည်သူ ၂၀ သေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်တွင် ၈ ယောက် နဲ့ ရသေ့တောင်မြို့နယ်တွင် ၁၂ ယောက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ကျောက်တော်မြို့နယ်တွင် ၁၄ ယောက် နဲ့ ရသေ့တောင်မြို့နယ်တွင် ၂၃ ယောက် ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို မေလ ၁၃ ရက် မနက် ၁၀ နာရီ ၅ မိနစ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။

အလားတူ မေလ ၁၄ ရက် ညနေ ၃ နာရီ ၅၀ မိနစ်တွင် ကျောက်တော်မြို့ကို ဂျက်ဖိုက်တာနဲ့ လာရောက် ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

နောက်တစ်နေ့ မေလ ၁၅ ရက်တွင်လည်း ကျောက်တော်မြို့ကို ဂျက်ဖိုက်တာနဲ့ နေ့လည် ၂ နာရီ ၂ မိနစ်တွင် တစ်ကြိမ်၊ ၂ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ၂ နာရီ ၁၄ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ဗုံး ၁၀ လုံးကျော် ကြဲချခဲ့လို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အထက်ပါကဲ့သို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းတွင် လူနေအိမ် ၃၁ လုံး နဲ့ ကျောက်တော်မြို့တွင် လူနေအိမ် ၂၇ အိမ်လည်း ပျက်စီးခဲ့ရပါတယ်။

Related posts

မကွေးနယ်စပ်ကို အင်အားလာဖြည့်တဲ့ ဗိုလ်ကြီး ၂ ဦး အပါ ၁၂ ဦး အရှင်ဖမ်းမိ

Rakhita Times

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရခိုင့်ဦးဆောင်ပါတီက ၈ ဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၆ဦး ရွေးချယ်ခံရ

Rakhita Times

ရက္ခိုင်မှာ ဘိန်းစာရွက် လက်ဝယ်တွေ့ရှိပါက ထောင် ၅ နှစ် ချမှတ်မည်

Rakhita Times

2 comments

Leave a Comment