NewsPolitic

ကျောက်မဲကို စစ်ကောင်စီ ဗုံးကြဲ၊ ၄ ဦး သေ ၁၄ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅ ဇွန် ၂၀၂၅)

တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့ကို စစ်ကောင်စီက မနေ့က (၂၄ ဇွန်) ညနေတွင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အမှတ် ၃ ရပ်ကွက် နဲ့ ၇ ရပ်ကွက်ကို ဗုံးကျတယ်။ ဒဏ်ရာရတဲ့သူလည်း တော်တော်များတယ်။ လောလောဆယ် သေတာကတော့ ၄ ယောက်သေတယ်” လို့ ကျောက်မဲမြို့ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့အတွင်းက လူနေအိမ် ၄၉ အိမ် နဲ့ စာသင်ကျောင်း ၂ ကျောင်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာခဲ့ပေမယ် တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးထားတဲ့ နယ်မြေတွေကို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက် ရှိနေပါတယ်။

ဇွန်လ ၁၂ ရက် ကလည်း တအာင်းပြည် တပ်မဟာ (၈) နယ်မြေ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး ၂ လုံး လာရောက် ကြဲချခဲ့လို့ သာသနိက အဆောက်အအုံ နဲ့ နေအိမ်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေမှာ လျှပ်စစ်မီးပေး၊ မီးကြိုးမဝယ်နိုင်သူ များပြား

Rakhita Times

မောင်တောတွက် ကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရ

Rakhita Times

စစ်တွေဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချကို စစ်တွေမှတ်ပုံတင်ရှိသူပဲ လုပ်ကိုင်ခွင့်ရ

Rakhita Times

1,700 comments

Leave a Comment