EnvironmentNews

မင်းပြားမှာ ရွာ ၁၄ ရွာ ရေနစ်မြုပ်

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မိုးက ဇွန်လကတည်းက ရက်ဆက်ရွာတယ်။ အခုလည်း သည်းသည်းမည်းမည်းကိုရွာတော့ ရေတွေက ချောင်းထဲမဆင်းတော့ဘူး။ ချောင်းရေတွေကြီးပြီးတော့ အိမ်တွေပြ မြုပ်ကုန်ပြီ” လို့ မင်းပြားမြို့နယ် မင်းဖူးရွာ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေတဲ့ရွာတွေဟာ မင်းပြားမြို့နယ်က မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံကြီး၊ တံခွန်တိုင်၊ မြင်းတင်မ၊ လက်ခုတ်၊ ပုလဲတောင်၊ ကပ္ပဲရွာတို့ ဖြစ်တယ်လို့ သိရပါတယ်။

“၂၀၁၅ တုန်းကလည်း ရေအကြီးအကျယ်ကြီးဖူးတယ်။ အဲတုန်းက သောက်ရေကန်တွေထဲကို ဆားငံရေတွေဝင်လို့ ရေကန်တွေ အကုန်ဖော်ရတယ်။ အဲတုန်းကတော့ ပရဟိတအဖွဲ့တွေ လာကူပေးကြတယ်။ အခုအနေအထားနဲ့ လာကူပေးကြဖို့ကလည်း မလွယ်ဘူး။ စက်သုံးဆီဈေးကလည် မိုးပေါ်မှာဆိုတော့ သောက်ရေကန်ကို ဆားငံရေဝင်မှာပဲ စိုးရိမ်နေရတယ်” လို့ မင်းပြားမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည်က မြို့နယ်အချို့က ကျေးရွာတွေမှာလည်း ရေနစ်မြုပ်နေပါတယ်။

ဓာတ်ပုံ – APM

Related posts

လင်းသာကျေးရွာ ဗုံးကြဲမှုတွင် ၃နှစ်အရွယ်ကလေးငယ်ကို ၁၂ နာရီအကြာမှာ ကယ်ထုတ်နိုင်ခဲ့

Rakhita Times

ဂွတွင် စစ်ကောင်စီဗုံးကြဲလို့ သားအဖနှစ်ဦး သေဆုံး

Rakhita Times

စစ်ကောင်စီထိန်းချုပ်တဲ့ အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို ဖိအားပေးခိုင်းစေမှု မြင့်တက်

Rakhita Times

2 comments

Leave a Comment