BusinessNewsPolitic

သူပုန်ဖြူကဗျာစာအုပ် ‌ဒေါ်လာ တသောင်း နဲ့ လေလံ စံချိန်တင်

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားတဲ့ သူပုန်ဖြူ ကဗျာစာအုပ်ဟာ ဒေါ်လာ တသောင်းနဲ့ လေလံ စံချိန်တင်နေတယ်လို့ သိရပါတယ်။

“Mr.ET က ဇူလိုင်လ ၂၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ဝယ်ယူလိုက်တဲ့အတွက် “သူပုန်ဖြူ စာအုပ်လေလံပြိုင်ပွဲ” ရဲ့ အမြင့်ဆုံးစျေး ရောက်ရှိလာပါတယ်” လို့ Thabonephru Poems Collection စာမျက်နှာကတဆင့် ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်တွင် “ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆) ပိုင်ရှင် Mr.ET က သူ့ရဲ့ မွေးနေ့အဖြစ်  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ရက်တွင် ယခင်ဝယ်ယူထားတဲ့ စျေးထက်ပိုမြင့်တဲ့ ဈီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ တသောင်းအထိ တိုးမြှင့်ဝယ်ယူခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆) ပိုင်ရှင် Mr.ET  ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က သူပုန်ဖြူကဗျာစာအုပ်ကို လေလံစျေး အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ ဝယ်ယူထားတာလည်း ဖြစ်ပါတယ်။

သူပုန်ဖြူကဗျာစာအုပ် အရေအတွက်ကို  ဒီနေ့အထိ ၁၄၀၀၀ အထိ  ထုတ်ဝေ ဖြန့်ချီထားပြီးတော့ ကဗျာစာအုပ်ကို နောက်ထပ် အုပ်ရေ ၁၀၀၀ ထပ်မံ ထုတ်ဝေ ဖြန့်ချီသွားမယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ လှူဒါန်း

Rakhita Times

အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ခွင့်ကာလကို ထိုင်းလျှော့ချ

Rakhita Times

ကျောက်တော်ကို စကမ ဗုံးကြဲ(Breaking News)

Rakhita Times

295 comments

Leave a Comment