အာရက္ခတိုင်းမ်စ် (၂ သြဂုတ် ၂၀၂၅)
မုဒိန်းမှု ကျူးလွန်တဲ့ တရားခံတွေကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပေးရန် အရွယ်စုံ Arakanese Ladies က အာာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို တောင်းလိုက်ပါတယ်။
အရွယ်စုံ Arakanese Ladies အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးကို အချက် ၄ ချက် တောင်းဆိုလိုက်ပြီး အဆိုပါ အချက်များမှာ
(၁) အမှုကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပြီး တရားခံကို ဥပဒေအရ ထိရောက်စွာ အပြစ်ပေး၊ အရေးယူပေးရန်
(၂) အမှုကို ကြန့်ကြာမှုမရှိစေဘဲ အချိန်နဲ့တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးရန်
(၃) သက်ဆိုင်ရာအာဏာပိုင်များက နစ်နာသူရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ကာကွယ်ပေးရန်၊ သူမရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် လိုအပ်တဲ့ အကူအညီများ အမြန်ဆုံးဆောင်ရွက်ပေးရန်
(၄) ရက္ခိုင်ပြည်အတွင်း ကလေးသူငယ်များနဲ့ အမျိုးသမီးတို့ရဲ့ ဘဝလုံခြုံရေးအတွက် သက်ငယ်မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ်များကနေ ရေရှည်ကာကွယ်နိုင်ရန်နဲ့ ဖြစ်ပွားခဲ့ပါက လျှင်မြန်စွာ အရေးတယူဆောင်ရွက်ပေးပါရန် စတဲ့ အချက်တွေကို တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

246 comments