NewsPolitic

စာရေးဆရာ နဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန် ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၆)

စာရေးဆရာနဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန် ဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့တွင် (ဒေသခစံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်) တွင် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

စာရေးဆရာနဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန်ကို ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ ရန်ကုန်တွင် မွေးဖွားခဲ့ပြီး နာမည်ရင်းကတော့ ကျော်စိုး ဖြစ်ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်တွင် ဆေးတက္ကသိုလ် ၂ ကနေ M.B.B.S ဘွဲ့ရရှိခဲ့ပါတယ်။

ကလောင်အမည်ခွဲအနေနဲ့ သတိုးတေဇ၊ ဇော်နိုင်ငံစိုး စတဲ့ နာမည်တွေနဲ့လည်း စာပေတွေ ရေးသားခဲ့ပါတယ်။

စာရေးဆရာ မင်းခိုက်စိုးစန်ဟာ ဂျစ်ကန်ကန် ဝတ္ထုတိုများ စာအုပ်နဲ့ ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ S.E.A Write Award ရရှိခဲ့ပါတယ်။

Related posts

စစ်တွေနဲ့ ပေါက်တောကို စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက် ဗုံးလာကြဲ

Rakhita Times

ရက္ခိုင်ပြည် လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ ရာထူးကို ကြံ့ဖွံ့ယူ

Rakhita Times

ကျောက်ဖြူ ချောင်းမြောင်တွင် တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment