NewsPolitic

စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ ပျံလွန်တော်မူ

အာရက္ခတိုင်းမ်စ် (၄ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် နဲ့ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ သက်တော် ၇၉ နှစ် သိက္ခာတော် ၅၉ ဝါ ဟာ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မြို့မပရိယတ္တိစာသင်တိုက်တွင် ၉၆ ပါး ရောဂါနဲ့ သြဂုတ်လ ၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူတယ်လို့ သိရပါတယ်။

ဆရာတော် ဘဒန္တစရဏဟာ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် ၁၂၀ ရပ်ကွက် မြို့မပရိယတ္တိစာသင်တိုက်ရဲ့ ဦးဆောင်ပဓာနနာယက ဆရာတော်လည်းဖြစ်ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်လည်း ဖြစ်ပါတယ်။

“ ဆရာတော်ကြီး ရုပ်ကလာပ်ကို သြဂုတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ဒဂုံက ကျီစုသုဿာန်မှာ မီးသင်္ဂြိုလ်ပြီးတော့ ရရှိလာတဲ့ အရိုးတွေကို ဆရာတော်ကြီးရဲ့ မွေးရပ်ရွာဖြစ်တဲ့ နတ်ချောင်းကျေးရွာကို ပင့်ဆောင်ယူဆောင်ပြီး အရိုးဂူသွင်း ပူဇော်ဖို့ စီစဉ်ထားပါတယ်” လို့ ဆရာတော်စျာပန ဦးဆောင်လုပ်ကိုင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဆရာတော် ဘဒန္တစရဏရဲ့ အန္တိမအဂ္ဂိစျာပနပူဇာကို ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် ၁၂၀ ရပ်ကွက် ဆည်မြောင်းလမ်းကနေ နေ့လည် ၁ နာရီ ခွဲ အချိန်တွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီ အချိန်တွင် ကျီစုသုဿာန်မှာ မီးသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

Related posts

အမ်းမြို့ကို ပြန်လည်ထူထောင်ရေး ဘယ်လိုလုပ်မလဲ

Rakhita Times

စပါးရောင်းရငွေ တောင်သူတွေ လက်ငင်းမရဘဲဖြစ်နေ

Rakhita Times

ဦးထွန်းအောင်ကို “ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု” ချီးမြှင့်မည်

Rakhita Times

1 comment

rent yacht montenegro 426 မေ 5, 2026 at 11:47 ညနေ Reply

Leave a Comment