NewsPolitic

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစု ၁၅၀ နီးပါး AA ပြန်လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က သိမ်ပိုက်ခဲ့စဥ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၅၀ နီးပါး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“မိသားစုဝင် ၁၄၄ ဦးကို သြဂုတ်လ ၉ ရက်က ပြန်လွှတ်ပေးခဲ့တယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၄ ရက်က ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က အလုံးစုံး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ပြန်လည်လွှတ်ပေးလိုက်တဲ့ မိသားစုဝင်တွေထဲက တချို့က တပ်တော်မှာ တာဝန်ထမ်းဆောင်ချင်တယ် ပြေတဲ့သူတွေလည်း ရှိတယ်။ တပ်တော်အနေနဲ့လည်း သင့်တော်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ခွင့်ပေးမယ်လို့ ပြောတယ်” လို့ တောင်ကုတ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ အာရက္ခတပ်တော်အနေနဲ့ မောင်တော၊ ရသေ့တောင်၊ မင်းပြား စတဲ့ မြို့သိမ်းတိုက်ပွဲတွေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၀၀၀ ကျော်ကို ပြန်လည် လွှတ်ပေးထားပြီးလည်း ဖြစ်ပါတယ်။

Related posts

ပတ်စ်ပို့အတုတွေနဲ့ တရားမဝင် အလုပ်သမားပို့ဆောင်သူတွေကို စစ်ကောင်စီ ဖမ်းဆီး

Rakhita Times

ဧရာဝတီတိုင်းတွင် တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ထုတ်ပြန်

Rakhita Times

အာရက္ခတပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့ အဓိကရည်ရွယ်ထားတဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို AA ကန့်ကွက်ရှုတ်ချ

Rakhita Times

202 comments

Leave a Comment