BusinessHealthNewsPolitic

ရက္ခိုင်ပြည် စားနပ်ရိက္ခာလိုအပ်ချက်က ကပ်ဆိုးဖြစ်လာနိုင်လို့ WFP ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်မှာ ပဋိပက္ခတွေ၊ ပိတ်ဆို့တားဆီးမှုတွေ၊ ရန်ပုံငွေမလုံလောက်တာတွေကြောင့် စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာပြီး ကပ်ဆိုးဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က သြဂုတ်လ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ ကျနော်တို့ စစ်တမ်းတွေအရ ရက္ခိုင်ပြည် အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာ မစားနိုင်တဲ့ မိသားစုဦးရေဟာ ၂၀၂၄ ဒီဇင်ဘာလမှာ ၃၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အခုဆိုရင် ၅၇ ရာခိုင်နှုန်းအထိ တိုးလာနေတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဇာနေကိုယ်စားလှယ် Mr, Michael Dunford က ဆိုပါတယ်။

အခုလို အခြေအနေဟာ အလွန်ကို စ်ုးရိမ်စရာကောင်းနေသလို လက်ရှိ ပဋိက္ခတွေ ဖြစ်ပွားနေတဲ့ ရက္ခိုင်မြောက်ပိုင်းမှာဆိုရင် အခြေအနေပိုဆိုးနိုင်တယ်လို့ ခန့်မှန်းကြောင်း WFP က ဆိုပါတယ်။

“ လူတွေက ပဋိပက္ခကြားမှာ ပိတ်မိနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာမစားနိုင်တော့ဘူး။ လူသားချင်းစာနာမှု အကူအညီတွေလည်း မရကြဘူး၊ ဒါကြောင့် အကြွေးယူတာ၊ တောင်းရမ်းစားသောက်တာ၊ လူကုန်ကူးခံရတာတွေအထိ ဖြစ်လာနေတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဇာနေကိုယ်စားလှယ် Mr, Michael Dunford က ဆိုပါတယ်။

ရက္ခိုင်ပြည်က ပြည်သူပေါင်း ၂၇၀,၀၀၀ ကို ၆ လစာကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်တယ်လို့ WFP က ဆိုပါတယ်။

Related posts

အမ်း နဲ့ မြေပုံကို စစ်ကောင်စီဗုံးကြဲ၊ ကနဦး ၂ ဦး သေဆုံး

Rakhita Times

မောင်တောက ရွာ ၁၀၀ ကျော်က ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးပေး

Rakhita Times

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times

Leave a Comment