NewsPolitic

ကျောက်ဖြူက လိပ်ခမော်ရွာ ဓာတ်ပုံဟာ လုပ်ဇာတ်သာဖြစ်တယ်လို့ ဒေသခံတွေပြော

အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅)

စစ်ကော်မရှင်ရဲ့ တယ်လီဂရမ်ကနေ ထုတ်ပြန်နေတဲ့ လိပ်ခမော်ရွာ ဓာတ်ပုံတွေဟာ လုပ်ဇာတ်တွေသာဖြစ်တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ကျနော်တို့ ထွက်မလာခင်ကတည်းက သူတို့ (စစ်ကောင်စီ – အဲဒီတုန်းက) ဒရုန်းတွေနဲ့ ကြဲလို့ အကုန်ပျက်စီးနေပြီ။ ခုမှ တပ်တော် တပ်စွဲလို့ ပျက်စီးသလို လိမ်နေတာ” လို့ ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာကနေ ထွက်ပြေးလာသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာအနားက စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်က မေလကတည်းက ထိုးစစ်ဆင်တိုက်ခတ်ခဲ့လို့ စစ်ကောင်စီရဲ့ တပ်သားတွေကို စစ်တွေဆေးရုံအထိ ဆေးကုသဖို့ ပို့ထားတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

“ မေလကတည်းက ရွာက ပျက်လုနီးပါးဖြစ်နေပြီ။ အခု သူတို့က (စစ်ကော်မရှင်) တပ်တော်ရှိတယ်အထင်နဲ့ လာရောက်ပြီး မရရတဲ့အဆုံး ငါးမရ ရေချိုးပြန်တာ နေတာနေမှာပေါ့ (ဓာတ်ပုံရိုက်တာကိုပြောလို)” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကျေးရွာ ၁၀ ရွာ ထပ်မနည်းကို မီးရှို့ဖျက်စီးခဲ့ပြီး လေကြောင်းကလည်း ဗုံးကြဲချခြင်း၊ ဒရုန်းများနဲ့ လာရောက်ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကော်မရှင်ရဲ့ တယ်လီဂရမ်ကနေ အောင်ပွဲရ ပြန်သိမ်းနိုင်နေပြီဖြစ်ကြောင်း ဝါဒဖြန့်တာတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဝါဒဖြန့် ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

တရုတ်ကြောင့် ဆွေးနွေးမှုတွေ ပေါ်လာလည်း ပျက်မှာပဲ

Rakhita Times

ကျောက်ဖြူကို စကမ ဗုံးကြဲလို့ စစ်ရှောင်တဦး ဒဏ်ရာရ

Rakhita Times

စကမ ဖမ်းဆီးထားတဲ့ ရက္ခိုင်လူငယ်တွေကို AA နဲ့ တိုက်ခိုက်ရန် ရှေ့တန်းပို့ဆောင်နေ

Rakhita Times

Leave a Comment