EducationHealthNewsPolitic

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်မယ့် သားဖွားသင်တန်း လျောက်လွှာခေ

အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၅)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမားရေးဌာနကနေပြီးတော့ သားဖွားအတတ်ပညာသင်တန်းကို ၁၈ လတာ သင်ကြားသွားမယ်လို့ သိရပါတယ်။

အဆိုပါ သားဖွားအတတ်ပညာသင်းတန်းကို အသက် ၂၅ နှစ်အောက် အမျိုးသမီး မည်သူမဆို လျောက်ထားနိုင်ပြီး ပညာအရည်အချင်အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုလုပ်တဲ့ ၁၂ တန်း အောင်မြင်ပြီးသူ ဖြစ်ရမယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သင်ကြားမယ့် သားဖွားအတတ်ပညာသင်တန်းတွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မီးဖွားပေးခြင်းနဲ့ မီးတွင်းကာလတွင် စောင့်ရှောက်ခြင်း၊ မွေးကင်းစနဲ့ ၅ နှစ်အောက်ကလေး ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မျိုးဆက်ပွားကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ဆေးကုသရေး စတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

သင်တန်းပြီးဆုံးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် သားဖွားဆရာမအဖြစ် ၅နှစ် တာဝန်ထမ်းဆောင်ရမယ်လို့လည်း သိရပါတယ်။

သားဖွားအတတ်ပညာလျောက်ထားလိုသူအနေနဲ့ ပြည်သူ့ကျန်းမာရေးဌာနကို စက်တင်ဘာလ ၁၀ ရက် နောက်ဆုံးထား လျောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။

Related posts

AA ဖမ်းဆီးထားတဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

Rakhita Times

ကျောက်တော်ကို စကမ ဗုံးကြဲ(Breaking News)

Rakhita Times

ထိုင်း-ကမ္ဘောဒီးယား စစ်ရေးကြား မြန်မာမှန်းသိသာအောင် နေထိုင်ဖို့ လိုအပ်

Rakhita Times

Leave a Comment