NewsPolitic

မြောက်ဦးကို ညအချိန် စစ်ကော်မရှင် ဗုံးကြဲလို့ ပြည်သူ ၁၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၆ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်ကို စစ်ကော်မရှင်က ည ၁၁ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလို့ ဒေသခံပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။

စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးနဲ့ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ရှိ စိုက်ပျိုးရေး ဂိုထောင်နားတွင် ကျရောက်ပေါက်ကွဲခဲ့လို့ အနီးအနားမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးထိခိုက်သူ စာရင်းနဲ့ အချက်အလက်များကို ဆက်လက်တင်တက်ပေးပါမယ်။

ဓာတ်ပုံကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၁ ဦးသေဆုံး၊ ၁ ဦး ပြင်းထန် ဒဏ်ရာရ

Rakhita Times

AA ချိပ်ပိတ်ထားတဲ့ အိမ်အချို့ကို ပြန်လည်ပေးအပ်

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်

Rakhita Times

269 comments

Leave a Comment