NewsPolitic

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၁ ဦးသေဆုံး၊ ၁ ဦး ပြင်းထန် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၂၄ ရက် ညနေက ရွေးတုအစိုးရတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“စက်စက်ယိုရွာနားမှာ နင်းမိကျတာ။ ဟင်းစားအတွက် ကန်စွန်းရွက် သွားခူးကြတယ်ပြောတယ်။ လယ်ကွင်းတွေထဲမှာပေါ့။ မိုင်းနင်းမိပြီးတော့ ၁ ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက် ၁ ယောက်လည်း တော်တော်လေးကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်” လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိလို့ သေဆုံးသူကတော့ ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ စစ်ရှောင်လာတဲ့ အသက် ၄၀ ရွယ် ဒေါ်သေးသေး ဖြစ်ပြီး ပြင်းထန် ဒဏ်ရာ ရရှိခဲ့သူကတော့ အသက် ၃၅ နှစ်အရွယ် မအငယ်မ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဒေါ်သေးသေးနဲ့ မအငယ်မ ဟာ ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ ၂၀၂၅ ခုနှစ်ကတည်းက ဧရာဝတီတိုင်းကို စစ်ဘေးရှောင် ရောက်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

“သူတို့တွေက ဆွေမျိုးနီးစပ်တော်ကြတယ်။ ပုသိမ်-မုံရွာ ကားလမ်းမဘေးက စက်စက်ယိုရွာမှာ စစ်လာရှောင်နေကြတာ။ စားဝတ်နေရေး ခက်ခဲလာကြတော့ ဟင်းစားရှာ ထင်ရှာလုပ်ရတာပေါ့။ စားဝတ်နေရေးက ခက်ခဲတာကိုး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အထက်ပါ မြေမြှပ်မိုင်း ပေါက်ကွဲခဲ့တဲ့ နေရာဟာ ရွေးတုအစိုးရတပ်က၂၀၂၆ ခုနှစ် ဇွန်လမှာ ယာယီစခန်းချခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

Related posts

နတ်ချောင်း သောက်ရေကန် တူးဖော်မှုကို HDCO လူအားလည်းကူ၊ ငွေ ၁၀ သိန်းလည်း လှူဒါန်း

Rakhita Times

ကျောက်ဖြူရေတပ်ကနေ စနဲဖက်ကို စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေပြင်းထန်နေ

Rakhita Times

စစ်ကောင်စီရဲ့ မိုင်းကြောင့် တောင်ကုတ်ဒေသခံ ၁ ဦး ခြေတဖက် ပြတ်

Rakhita Times

Leave a Comment