NewsPolitic

ပလက်ဝတွင် သုံ့ပန်းမိသားစု ၄၄ ယောက် AA ပြန်လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၂၆ သြဓုတ် ၂၀၂၅)

ပလက်ဝမြို့တွင် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစု ၄၄ ယောက်ကို အာရက္ခတပ်တော်က ၉ ကြိမ်မြောက်အဖြစ် သြဂုတ်လ ၂၅ ရက်က ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“နေ့လည် ၁ နာရီမှာ အခမ်းအနားနဲ့ ပြန်လွှတ်ပေးခဲ့တာ။ အိမ်ထောင်စု ၁၅ စု၊ လူဦးရေ စုစုပေါင်း ၄၄ ယောက်ပါ။ ဒါနဲ့ဆို ပြန်လွှတ်ပေးတာ ၉ ကြိမ် ရှိပါပြီ” လို့ ပလက်ဝမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ သြဂုတ်လ ၉ ရက်ကလည်း ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် စစ်သုံ့ပန်းမိသားစု ၁၄၄ ယောက်ကို အာရက္ခတပ်တော်က ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မောင်တော၊ ရသေ့တောင်၊ မင်းပြား စတဲ့ မြို့သိမ်းတိုက်ပွဲတွေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၈၀၀ ကျော်ကို ပြန်လည် လွှတ်ပေးထားပြီးလည်း ဖြစ်ပါတယ်။

Photo – WLP

Related posts

စပါးရိတ်စက်တွေကို စစ်ကောင်စီဂိတ်တွေက ပိုက်ဆံတောင်းနေ

Rakhita Times

ရန်ကုန်တွင် ကိုဗစ် – ၁၉ လူနာအသစ် တွေ့

Rakhita Times

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

222 comments

Leave a Comment