NewsPolitic

စစ်တွေကနေ စကမ ပုဏ္ဏားကျွန်းကို လက်နက်ကြီးနဲ့

အာရက္ခတိုင်းမ်စ် (၂၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ကနေ စစ်ကော်မရှင်ဟာ ပုဏ္ဏားကျွန်းမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ ပစ်သံတွေက မကြာ မကြာ ကြားရတယ်။ ဘယ်ပစ်မှန်း မသိကြဘူး။ မနေ့ကတော့ သတင်းထွက်လာတာက ပုဏ္ဏားကျွန်းကို ချိန်ပြီး ပစ်နေတာ” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ စစ်တွေကနေ ပုဏ္ဏားကျွန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်လို့ အာရက္ခတပ်တော်အနေနဲ့ စစ်တွေနဲ့ နီးတဲ့ ပုဏ္ဏားကျွန်းက ကျေးရွာတွေကို နေရာရွှေ့ပြောင်းနေထိုင်ဖို့ သတိပေးထားပါတယ်။

“ မနေ့က စစ်တွေက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ပုဏ္ဏားကျွန်းက ငှက်ကြီးကျွန်းရွာကို ကျတယ်။ နေအိမ်အချို့ ပျက်စီးသွားတယ်” လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ စစ်တွေမြို့ ပါဒလိတ်အခြေစိုက် တပ်စခန်းကနေ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ ပေါက်တော တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – စကမ လက်နက်ကြီးကြောင့် ငှက်ကြီးကျွန်းရွာက ပျက်စီးသွားတဲ့ နေအိမ်

Related posts

ဘောမိတိုက်ပွဲတွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ပုသိမ်တွင် ဆေးကုပေးနေ

Rakhita Times

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

Rakhita Times

တောင်ကုတ်က KTVကို DLEPS စစ်ဆေးရာ တရားမဝင်အရက် ဖမ်းဆီးရမိ

Rakhita Times

6 comments

Leave a Comment