NewsPolitic

မောင်တောမှာ မြေမြှုပ်မိုင်း ၁၀၀ ကျော် AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်မှာ စစ်ကော်မရှင်က မြှုပ်နှံခဲ့တဲ့ မြေမြှုပ်မိုင် ၁၂၈ လုံးကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ သွားလာ‌ရေး ပိုပြီး စိတ်ချလုံခြုံဖို့အတွက် တပ်တော်က မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးနေတာလေ။ အကြောက်တရား ကင်းကင်းနဲ့ သွားလာရတော့ ကျနော်တို့အတွက် ကောင်းတာပေါ့” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က စက်တင်ဘာလ ၅ ရက် နဲ့ ၆ ရက် မှာ မောင်တောမြို့နယ်အတွင်းက မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

“ သစ်တောရွာအဝင်ဝက ကားလမ်းတလျောက်နဲ့ ၄ မိုင် စခန်းနားက ကားလမ်းတလျောက်ကို ရှင်းလင်းပေးခဲ့တာ” လို့လည်း သူက ထပ်မံပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သူစစ်ရှုံးနယ်မြေတွေမှာ မြေမြှုပ်မိုင်း မြောက်များစွာကို မြှုပ်နှံထားခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုများလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Photo – APM

Related posts

ကော့ကရိတ်တိုက်ပွဲ မြဝတီ အထိ ရောက်ဖို့ အလားမလာမရှိ

Rakhita Times

ထိုင်းမှ ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ဆက်သွယ်ခြင်း

Rakhita Times

အမ်းလေကြောင်းတိုက်ခိုက်မှု စစ်သုံ့ပန်း ၁၀၀ ကျော်နဲ့ အရပ်သား သုံ့ပန်းများ သေဆုံး

Rakhita Times

Leave a Comment