EducationHealthNewsPolitic

သူနာပြုများရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပံ့ပိုးသွားမည်

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၆)

အာရက္ခသူနာပြုများရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ရှိစေရန် ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

အဆိုပါ စကားကို မေလ ၁၂ ရက် ဒီကနေ့မှာ ကျရောက်တဲ့ “ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့” မှာ ထုတ်ဖော် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“ လက်ရှိအချိန်ဟာ တော်လှန်ရေးကာလကို ဖြတ်သန်းနေတဲ့ ကာလဖြစ်တာနဲ့အညီ အာရက္ ခပြည်သူပြည်သားထဲက ပေါက်ဖွားကြီးပြင်းလာပြီး အာရက္ခဒေသအတွက် စစ်မှုတာဝန် ထမ်းဆောင်နေကြတဲ့ အာရက္ခစစ်သည်တော်များအပြင် အရပ်ဖက်-စစ်ဖက် အာရက္ခ ဆေးဖက်ဆိုင်ရာဝန်ထမ်းများ၊ သူနာပြုများဟာလည်း ရှေ့တန်းစစ်မျက်နှာပြင်များနဲ့ အရပ်ဖက် ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို ရန်သူရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရဲရင့် ပြောင်မြောက်စွာ တာဝန် ထမ်းဆောင်နေတယ်” လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ မေလ (၁၂) ရက်သည် “ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့” ဖြစ်တာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အာရက္ ခပြည်သူပြည်သားများနဲ့ အနီးကပ်ဆုံး ရှေ့တန်း စစ်မျက်နှာပြင်များတွင် ကျန်းမာရေး ဝန်ဆောင်မှုများကို ကိုယ်ကျိုးစွန့် အနစ်နာခံ တာဝန်ထမ်းဆောင်နေကြတဲ့ အာရက္ခသူနာပြုများ၊ နွေဦးတော်လှန်ရေးထဲက သူနာပြုများ၊ ကမ္ဘာနဲ့ မြန်မာ အရပ်ရပ်ရှိ သူနာပြုများအားလုံးကို အထူးဂုဏ်ပြုမှတ်တမ်းတင်ပြီး တော်လှန်ရေးကာလအတွင်း အသက်၊ ခန္ဓာ ပေးဆပ် စွန့်လွှတ် အနစ်နာခံခဲ့တဲ့ သူနာပြုများအားလုံးကို ဂါရဝပြုအပ်ပါတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက “ အခက်အခဲ ပေါင်းစုံကြားထဲက အာရက္ခပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေကို ရဲဝံ့သတ္တိရှိရှိနဲ့ ပြည်သူလူထုများကို စေတနာ၊ ကရုဏာ၊ သူနာပြုစိတ်ထားအပြည့်နဲ့ ပြုစုစောင့်ရှောက်မှုများကြောင့် အာရက္ခပြည်သူပြည်သားများရဲ့ အသက်ပေါင်းများစွာကို ကုသ၊ ကယ်တင်နိုင်ခဲ့တယ်” လို့လည်း ဆိုပါတယ်။

ဒီနှစ်ဆောင်ပုဒ်ဖြစ်တဲ့ “ Our Nurses. Our Future. Empowered Nurses Save Lives” ဆိုတဲ့အတိုင်း သူနာပြုများဟာ ကျနော်တို့အားလုံးရဲ့ အနာဂတ်ဖြစ်ရုံသာမက လူသားများရဲ့ အသက်ကို ကယ်တင်ပေးနေကြတဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ သူများ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

Related posts

ပေါက်တောမြို့နယ်က ရေလုပ်သားမွတ်ဆလင် ၂၈ ဦးကို စကမ ဖမ်းဆီး

Rakhita Times

စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦး ခြေတစ်ဖက်ပြတ်

Rakhita Times

ရက္ခိုင်တိသတိထားရမည့် ကရင့်သမိုင်းတော်လှန်ရီး__________________________________________

Rakhita Times

Leave a Comment