EducationNewsPolitic

သက္ကမကျောင်းသားတွေကို ULA ပညာရေးနဲ့ အားကစားရေးအတွက် ကူညီပေး

အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိင်ပြည်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ သက္ကမလူမျိုးစုတွေ နေထိုင်ရာ ကျေးရွာအချို့က ကျောင်းသား၊ ကျောင်းသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ စာရေးကိရိယာနဲ့ အားကစားပစ္စည်းတွေကို ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ထောက်ပံ့ရာမှာတော့ KG တန်းကနေ Grade – 6 အထိ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေနဲ့ ကျောင်းအလိုက် အားကစားပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီ ထောက်ပံ့ရေးလုပ်ငန်းကို မြောက်ဦးခရိုင်ပါတီ၊ တိုက်နယ်ရုံး၊ အာရက္ခတပ်တော်က တာဝန်ရှိသူတွေနဲ့ ဗဟိုကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာပါ။

“ULA/AA က ထိန်းချုပ်ထားတဲ့ ဒေသ၊ အာရက္ခတပ်တော် စစ်ရေးလှုပ်ရှားရာ ဒေသများရှိ ဒေသခံပြည်သူလူထုတို့ရဲ့ လူမှုစီးပွားအဝဝ၊ ကျန်းမာရေးတို့အပြင် ပညာရေးကဏ္ဍတွင်လည်း သစ်လွင်တဲ့ အတွေးအခေါ်၊ ခေတ်ကာလနဲ့ လျော်ညီတဲ့ မူဝါဒတို့နဲ့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအောက်မှာ အကန့်အသတ်နဲ့ သတိထားကာ အရွယ်ရောက်ပြီးသား လူငယ်များ ပညာသင်ကြားနိုင်ခွင့်နဲ့ သင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါတယ်” လို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဆိုထားပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ ၁၂ တန်းတွင် ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုး သင်ကြားနေပေမယ့် ပလက်ဝခရိုင်တွင် ရက္ခိုင်စာနဲ့ မြန်မာစာ တစ်ဘာသာကို ကြိုက်နှစ်သက်ရာ ရွေးချယ် သင်ယူနိုင်တယ်လို့လည်း သိရပါတယ်။
Photo – One Nation News
ဓာတ်ပုံ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်

Related posts

ထိုင်းမှာ တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ကို လာမယ့်​နှစ်မှာ တိုးပေးဖို့ ညှိနှိုင်း

Rakhita Times

ဂွစစ်ရှောင် ၃ ဦးကို စကမက ရေကြည်တွင် ထောင် ၅ နှစ်ချ

Rakhita Times

ကြောင်လျှာနားက ရွေးတုအစိုးရတပ်စခန်းငယ် ၃ ခု AA ထပ်မံသိမ်းပိုက်

Rakhita Times

Leave a Comment