NewsPolitic

ပုဏ္ဏားကျွန်း ဖက်ကျရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၃စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၃ ရက် သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ညဉ့် ၁၂ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ Y-12 လေယာဉ်တွေကို အသုံးပြုပြီး ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ကနေ ဖက်ကျရွာမှာ လာရောက် စစ်ဘေးရှောင်နေတဲ့ အသက် ၅၇ နှစ်အရွယ် ဦးမောင်မြကြည်နဲ့ ဖက်ကျရွာ ဒေသခံ အသက် ၇၆ နှစ်အရွယ် ဦးအောင်သန်းမောင်တို့ ဗုံးစထိမှန် ပြင်းထန်ဒဏ်ရာရရှိပြီး အသက် ဆုံးပါးသွားခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတွေ ကြဲချခဲ့တဲ့ ဗုံးတွေဟာ ရွာစာသင်ကျောင်း အနီးဝန်းကျင်နဲ့ ဒေသခံတွေ နေထိုင်ရာ ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ် ပျက်စီးမှုအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖက်ကျကျေးရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက် ညဉ့်ပိုင်းကလည်း စစ်ကောင်စီရဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်မှုကို ခံခဲ့ရပြီး နေအိမ် ၁ ဆောင် မီးလောင်ပြာကျကာ ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Related posts

မိုးရွာသွင်းလို့ ရက္ခိုင်ကုန်သွယ်ရေးလမ်းများ ဆိုရွားစွာ ပျက်စီးနေ

Rakhita Times

ရေကြည်တွင် AA နဲ့ တိုက်ခိုက်နေတဲ့ ရွေးတုအစိုးရတပ်သားတွေအတွက် အရပ်သားတွေဆီက ရိက္ခာဖိုး အတင်းအဓမ္မ ငွေကြေးကောက်ခံနေ

Rakhita Times

မင်းပြားနဲ့ ကျောက်တော် ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦး အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး နဲ့ ကလေး ၁ ဦး သေဆုံး

Rakhita Times

Leave a Comment