NewsPolitic

ကျိန္တလီတွင် အမျိုးသားတဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလိမြို့နယ်တွင် စက်တင်ဘာလ ၂၂ ရက် မနက်ပိုင်းက အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဘယ်လိုဖြစ်ပြီး ရေနစ်သေတာလဲတော့ မသိဘူး။ သူက ပုန်းညှက်ရွာက၊ တွေ့တာကတော့ ချင်းကွင်းရွာမှာ တွေ့တာ” လို့ ကျိန္တလီမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ်မြှုပ် သေဆုံးသွားသူမှာ ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ ပုန်းညှက်ရွာက အသက် ၅၅ နှစ်အရွယ် ဦးသန်းမောင် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေနစ် သေဆုံးမှုအပေါ် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဇူလိုင်လ ၂၂ ရက်ကလည်း ကျိန္တလီမြို့ ဒေသခံ ၂ ဦးဟာ ငါးဖမ်းရှာရင်း ရေနစ်မြှုပ်ခဲ့ပါတယ်။

ရက္ခိုင်ပြည်တွင် ၂၀၂၅ ခုနှစ် မိုးတွင်းကာလအတွင်း ရေနစ်သေဆုံးသူ ၃၅ ဦး အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။

Related posts

မြေမြှုပ်မိုင်း နင်းမိလို့ တောင်ကုတ်ဒေသခံတစ်ဦး ဒဏ်ရာရ

Rakhita Times

နတ်ရေကန်ကို တမင်မသိမ်းပဲ စစ်သားတွေကို အမှည့်ချွေနေတာလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

Rakhita Times

ရက္ခိုင်မြောက်ပိုင်းမှာ ARSA စစ်ရေးထိုးဖောက်လာတာ ဘာကြောင့်လဲ

Rakhita Times

182 comments

Leave a Comment