NewsPolitic

သံတွဲကို စကမ ဗုံး ၃ လုံးလာကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ဒီကနေ့ မနက် ၈ နာရီကျော်က Y12 လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချခဲ့တယ်လို့ ကနဦး သိရပါတယ်။

“မနေ့က နေ့လည်ကတည်းက ဝဲနေတာ ညက ဘယ်သူမှ အိမ်ပေါ် မအိပ်ရဲကျဘူး။ မနက်ကျမှ လာကြဲသွားတယ်။ ၃ လုံးတောင်မှပဲ။ လောလောဆယ် ပဒဲကော်ဖက်ကို ကျတယ်လို့ပဲ သိရသေးတယ်။ အသေ အပျောက် ဘာညာ မသိသေးဘူး” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကော်မရှင်က စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားနေပြီး မကြာခင် ထိန်းချုပ်နိုင်တော့မယ်လို့ ဝါဒဖြန့်ချီနေတာလည်း ဖြစ်ပါတယ်။

အထက်ပါကဲ့သို့ ပြောဆိုနေပြီး သံတွဲ နဲ့ တောင်ကုတ်ကို သတင်းပေးတွေ လွှတ်ကာ အာရက္ခတပ်တော်ရဲ့ သတင်းတွေကို ဖော်ထုတ်နေတယ်လို့လည်း စကမ တယ်လီဂရမ်ကနေ ရေးသားနေပါတယ်။

ယခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက် တင်ဆက်ပေးသွားပါမယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

ကချင်တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း

Rakhita Times

ယမကာအခွန် AA ၅၀ ရာခိုင်နှုန်း ကောက်ခံ၊ ဆေးဝါးများကို အခွန်ကင်းလွတ်ခွင့်ပေး

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times

20 comments

Leave a Comment