NewsPolitic

မင်းပြားမှာ ကလေးငယ်တဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အောက်တိုဘာလ ၁၇ ရက်က ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အိမ်ကနေ ညနေ ၅ နာရီလောက်မှာ ပျောက်သွားတာ၊ တညလုံး လိုက်ရှာကျတာ မတွေ့ဘူး။ မနက် (အောက်တိုဘာ ၁၈) ကျမှ ရေကန်မှာ ရေနစ်သေဆုံးတာကို တွေ့တယ်” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ဟာ မင်းပြားမြို့နယ် ပန်းမြောင်းအုပ်စု ငှက်တော်ရရပ်ကွက်က အဖ ဦးဇော်ဝင်းရဲ့သား မောင်ချစ်လင်းဇော် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရပ်ကွက် သင်္ချိုင်းမှာ သင်္ဂြိုလ်လိုက်တယ်လို့လည်း သိရပါတယ်။

ယခုနှစ် မိုးရာသီကာလအတွင်း ရက္ခိုင်ပြည်တွင် ရေနစ်သေဆုံးသူ ၄၀ ဦးအထိ ရှိလာနေပြီလို့လည်း သိရပါတယ်။

Photo – APM

Related posts

ဗိုလ်ကြီး နေမျိုးဇင် ရက္ခိုင်ရေဘေးအတွက် ဘတ် ၁ သောင်း လှူဒါန်း

Rakhita Times

တော်လှန်ရေးကာလ အာရက္ခပြည်ကိုစွန့်ခွါသွားခြင်း၏ ဘေးထွက်ဆိုးကျိုးများ

Rakhita Times

AA ထိုးစစ်ကို ခုခံရန် သာပေါင်းကို စစ်ကား ၇ စီးနဲ့ အင်အားထပ်ဖြည့်

Rakhita Times

Leave a Comment